လက်ရှိမှာမြန်မာနိုင်ငံကိုပြန်လာလို့မရသေးတဲ့ ညီမလေး သူဇာဝင့်လွင်အတွက် အကူအညီတောင်းခံလာတဲ့အဆိုတော် မေ

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ….Miss Universe Myanmar အဖြစ်နဲ့ မြန်မာပြည်သူတွေရဲ့အခက်အခဲတွေကိုရောရိုးရာဓလေ့ကိုပါ Miss Universe စင်မြင့်ထက် မှာ ချပြနို င် ခဲ့တဲ့ သူဇာဝင့်လွင်ဟာ Top 21 List ထဲပါဝင်ခဲ့သလို Best National Costume ဆုလည်း အရယူပေးနိုင်ခဲ့ပါတယ်။ တကယ် ပြိုင်မယ့်ဝတ်စုံဟာ အချိန်မီရောက်မလာခဲ့ပေမယ့်ချင်းရိုးရာဝတ်စုံလေးကိုဆင်မြန်းပြီး ” Pray for Myanmar ” ဆိုင်းဘုတ်ကိုင်ကာ မြန်မာ့ ရေးကို စင်မြင့်ထက်မှာရဲရဲဝံ့ဝံ့ချပြခဲ့သူတစ်ယောက်ပါ။ ပြိုင်ပွဲမပြိုင်ခင်မှာလည်း ပွဲကိုသွားနိုင်ဖို့ အခက်အခဲကြုံခဲ့ရ သလို ပြိုင် နေစဉ်မှာလည်း အဆင်မပြေမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် Candy ဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးဖြစ်ပြီး မြန်မာပြည်အတွက်ဂုဏ်ယူ ရမယ့် အမျိုးသားဝတ်စုံဆုကို သိမ်းပိုက်ပေးနိုင်ခဲ့ပါတယ်

ချစ်ရတဲ့ ညီမလေးအတွက် စိတ်ပူရတဲ့အကြောင်းနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကိုသွားပြိုင်ဖို့ တစ်ပတ် အလိုလောက်မှ Visa ရခဲ့တာပါ။ အစ ကမရတော့ဘူးလက် လျှော့ရတော့မလားတောင်ထင်ထား တာပါ။ မမျှော်လင့် ဘဲ ပြည်ပကမိတ်ဆွေတစ်ဦးရဲ့အ ကူအညီကြောင့် အချိန်မီရခဲ့တာပါ။ ဒီပွဲကိုသွားပြိုင်ဖို့ အတွက်မေတို့အရမ်းခက်ခဲခဲ့ပါတယ်။ ဒီကာလက အားလုံးအကျပ်အတည်းဖြစ်နေတဲ့ကာလပါ မေ တို့ဆိုလည်းအလုပ်တွေလုံးဝရပ်ထားရတာ လေးလပြည့်တော့ပါမယ်

အနားကပ်မှ လေယာဉ် လက်မှတ်ဖြတ်ရတာဆိုတော့ အရမ်းဈေးများပါတယ်။ မသွားခင်ပြင်ဆင်ရတဲ့စရိတ်၊ ဟိုမှာသုံးဖို့စွဲဖို့ စရိတ်တွေနဲ့ဆိုရင် တော်တော်ကိုအကုန်အကျများပါတယ်။ ပုံမှန်အချိန်ဆိုရင်တော့ အဆင်ပြေပေမယ့်အခုလိုဘာမှန်းမသိတဲ့ အခြေအနေ ကြေ ာင့်မေတို့လည်းအတော်ခက်ခဲခဲ့ပါတယ်။ ပိုဆိုးတာက မေ လည်း အခုဆိုရှောင်ပုန်းပြီးနေရတဲ့ အချိန်‌ဆိုတော့ပိုခက်ခဲပါ တယ်။ သူလည်း ဒီကထွက်သွားပြီဆိုတာနဲ့ ပြန်လာဖို့အဆင်မပြေနိုင်တာကို ကြိုတွက်ဆထားပြီးသားပါ။

ပွဲပြီးနောက်ပိုင်းအခြေအနေကို မေ ပိုပြီးစိတ်ပူပါတယ်။ US ရောက်နေတဲ့ ရွှေမြန်မာတွေကို မေ အကူအညီလေးတစ်ခုလေ ာ က် တောင်းချင်ပါတယ်။ မေ့ ညီမလေး ပြိုင်ပွဲပြီးသွားလို့ ပြန်လာဖို့အဆင်မပြေသေးတဲ့အချိန်မှာ သူတစ်စုံတစ်ခု အခက်အခဲဖြစ်လာ ရင် သူ့ ကို ကူညီစောင့်ရှောက်ပေးကြပါနော်။ စိတ်မပူဘူး‌လို့နေပေမယ့်လည်း စိတ်တော့ပူပါတယ်။ အားလုံးရဲ့ကျေးဇူးတွေကိုမမေ့ပ ါဘူးဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

အရည်အချင်း ရှိပြီး တော်လွန်းထက်လွန်းတဲ့ ညီမလေးအတွက် ဂုဏ်ယူရသလို ကြုံတွေ့လာတဲ့ အခက်အခဲတွေကိုလည်း ရဲရဲကြီးရင်ဆိုင်နိုင်ဖို့အတွက်ဘဝဆိုတာဒီလိုပါပဲ အခက်အခဲတွေက တစ်ခုမဟုတ်တစ်ခုကြုံနေရမှာပဲဘယ်လောက်ပဲ အခက်အခဲတွေ တွေ့ကြုံနေ ပါစေ အနည်းဆုံးတော့ မင်း ဟာလွတ်မြောက်နေသေးတယ်လွတ်လွတ်လပ်လပ်နဲ့ဘဝကိုရှင်သန်ဖို့ အခွင့်အရေးတွေ လည်း ရှိနေ သေးတယ် ကြုံလာတဲ့ အခက်အခဲတိုင်းကိုအခွင့်အရေးအဖြစ် အသုံးချပြီး မြင့်သထက်အမြင့်ဆုံးကို သာပျံသန်းနိုင်ပါစေဆိုပြီး အမကြီးအ မိရာပီသစွာနဲ့စိတ်ခွန်အားပေးခဲ့ပါတယ်။ မြန်မာပြည်အတွက် အမှတ်တရဖြစ်စေမယ့် NC ဆုကို အရယူပေးခဲ့ လို့ ကျေးဇူးတင်ပါတယ် Candy လေးရေ

Leave a Reply

Your email address will not be published. Required fields are marked *