စစ်‌ေကာင်စီတပ်လှုပ်ရှားမှု့‌ေတွကို AA အနီးကပ်စောင့်ကြည့်‌ေနပြီး လိုအပ်သလိုလုပ်ဆောင်ရွက္မည်ဖြစ်

ရခိုင်ပြည်နယ်တွင် စစ်‌ေကာင်စီတပ်ဖက်္မှ မြို့နယ်အလိုက်လုံခြုံရေးတင်းကျပ်မှု၊ စစ်ဆေးမေးမြန်းမှုများနှင့် စစ်အင် အားတိုးချဲ့မှုများပြုလုပ်နေသည်ကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်သလိုလုပ်ဆောင်သွားမည်ဟု AA ဖက်္မှ ပြောပါသည်။

ရခိုင်တွင် ယခုဩဂုတ်လပိုင်းအတွင်း၌ စစ်တပ်ဘက်္မှနေ၍ ဒေသဆိုင်ရာလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ကာ မြို့အနှံ့လှည့်လည်ခြင်း၊ လမ်းသွားလမ်းလာများအားစစ်ဆေးမေးမြန်းခြင်းတို့ရှိခဲ့ပြီး တပ်အပြောင်းအရွေ့များ ပြုလုပ်ကာ ဒေသတွင်းအင်အားတိုးချဲ့မှု၊ စစ်ရေးလှုပ်ရှားမှု့များလည်း ရှိလာပါသည်။

ဩဂုတ်လ နောက်ဆုံးပတ်တွင် ကျောက်ဖြူမြို့နယ် သိုင်းချောင်းနှင့် ဇိုင်ခေျာင်းကျေးရွာသို့ စစ်တပ်မှ ဝင်ရောက်လာကာ ရွာ၏ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် စခန်းချနေထိုင်မှု့များရှိခဲ့ကြောင်း ဒေသခံများကပြောဆိုထားသည်။

ယင်းအပြင် ULA/AA ၏လှုပ်ရှားမှု့များကိုသတင်းပေးတိုင်ကြားရန်လည်း ကျောက်ဖြူရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဩဂုတ်လ ၂၃ ရက်နေ့က ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တပ်ရင်းမှ တပ်နယ်မှူးက အစည်းဝေးခေါ်ယူပြီး ညွှန်ကြားမှု့များရှိခဲ့သည်။

အဆိုပါကိစ္စများနှင့်ပတ်သတ်၍ စစ်တပ်လှုပ်ရှားမှု့‌ေတွကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်သလိုလုပ်ဆောင် သွားမည်ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က Eighty 8 ကိုဒီက‌ေန့ ဩဂုတ်လ ၂၉ ရက်နေ့ တွင်ထပ်မံပြေကြားခဲ့ပါသည်။

“အခု မြန်မာစစ်တပ်ရဲ့လှုပ်ရှားမှု့တွေနဲ့ပတ်သက်ပြီး ULA/AA အနေနဲ့အနီးကပ်စောင့်ကြည့်နေတယ်။ စစ်ရေးအရလည်း သူတို့လှုပ်ရှားမှု့တွေကို မျက်ခြေမပြတ်စောင့်ကြည့်နေတယ်။ ဘယ်ကိစ္စမဆို အခြေနေရဲ့လိုအပ်ချက်အရ လိုအပ်ရင်လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားဖို့အဆင်သင့်ရှိတယ်” ဟုပြေပါာသည်။

ယင်းအပြင် ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း စစ်တပ်ဘက်္မှ စစ်တွေနှင့်ပေါက်တော ပင်လယ်ရေပြင်နယ်နိမိတ်တို့ အတွင်း ၃ ရက်ကြားစမ်းသပ်ပစ်ခပ်မှု့များပြုလုပ်ရန်အတွက် ဒေသငါးဖမ်းလှေများအား ၎င်းအနီး တစ်ဝိုက်ငါးဖမ်းမထွက်ကြရန် သတိပေးထားမြစ်မှု့များလည်းပြုလုပ်ခဲ့သည်။

ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများငြိမ်သက်နေသည်မှာ ၁၀ လကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ၎င်းအချိန်များထဲမှ ယခုဩဂုတ်လပိုင်းအတွင်း၌ စစ်တပ် ဘက်္မှ စစ်ရေးလှုပ်ရှားမှု့များ စတင်တွေ့မြင်လာရခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ရခိုင်ပြည်အတွင်း မကျင်းပနိုင်ခဲ့မှု့နှင့် ပတ်သက်၍ ကြားဖြတ်ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရန်အတွက် ULA/AA ဖက်္မှ တစ်ဖက်သတ်အပစ်ခတ် ၁ လ ရပ်စဲကြောင်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါ‌ေသးသည်။

အဆိုပါနေ့တွင်ပင် မြန်မာစစ်တပ်ဘက်္မှလည်း ၎င်းထုတ်ပြန်ချက်အားကြိုဆိုကြောင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည့် အချိန်မှစ၍ နှစ်ဖက်တိုက်ပွဲများရပ်တန့်သွားခြင်းဖြစ်သည်။

တိုက်ပွဲများရပ်တန့်နေေသာ်လည်း ယင်းကာလတွင်း အသုံးပြုခဲ့သည့် မြေမြုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းများကြောင့် အနီးနားရှိဒေသခံများမှာ သေဆု ံးခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့သွားခြင်းနှင့် ပြင်းထန် ဒဏ ်ရာရမှု့များကို လက်ရှိ အချိန်ထိခံစားနေကြရဆဲဖြစ်သည်။

ထိုသို့ဖြစ်ပွားမှုများကြောင့် စစ်ရှောင်စခန်းမှနေရပ်မပြန်ရဲသည့်သူများလည်းရှိနေပြီး တောတောင်များအား မိုင်းရှင်း လင်းရေးလုပ်ပေးရန် ဒေသခံများမှတောင်းဆိုမှု့များရှိခဲ့သော်လည်း စစ်တပ်ဘက်္မှ အမ်း-စစ်တွေ ကားလမ်းမကြီး နှင့် ရသေ့တောင်အငူမော် ကာလမ်းမကြီးတစ်လျှောက်တွင်သာ မိုင်းရှင်းလင်းရေးကို လုပ်ဆောင်ပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *