မြန်မာပြည်အစွန်အဖျာ‌း လွတ်‌ေမြာက်နယ်‌ေမြတစ်နေရာကနေ ဒါရိုက်တာကိုပေါက်ရင်ဖွင့်သံ

မြန်မာနိုင်ငံကို အသက်္မရှိတဲ့ ရွှေ့ပြောင်းလို့မရတဲ့ မြေကြီးတစ်ခုလိုမမြင်ဘဲ သက်ရှိလူသားတစ်ယောက်လိုအစားထိုးခံစားကြည့်စမ်းပါ။တော်တော်သနားဖို့ကောင်းတယ်။ရင်နာစရာအဖြစ်အပျက်တွေ အများကြီး ကြံုခဲ့ရသည်။

နှစ်ပေါင်း၇၀ကျော် အနိုင်ကျင့် နှိပ်စက်တာကိုခံခဲ့ရတယ်။အခုလဲခံနေရတုန်းပဲ။သူ့ရဲ့ နာကျင်ခံစားခဲ့ရတဲ့ဝေဒနာတွေကို ကျနော်တို့ရဲ့အသက်သွေးချွေး ဘဝတို့နဲ့ ရင်းပြီး ကုစားပေးကြရမယ်။

ဒါဟာ သမိုင်းပေးတာဝန်တစ်ခုဖြစ်တယ်။ဒီတာဝန်ကိုဘယ်သူကမှပေးတာမဟုတ်ဘူး။ကျနော်တို့တွေ ကိုယ့်အသိစိတ်နဲ့ကိုယ် လိပ်ပြာလုံလုံ နဲ့ပေးဆပ်ရင်း ကိုယ့်သမိုင်းကိုယ်ရေးကြရမယ်။အခုကျနော်လျှောက်နေတဲ့လမ်းကနေ ဘယ်တော့မှနောက်ပြန်လှည့်လာမှာလဲ မဟုတ်ဘူး။

အရင်က သက်တောင့်သက်သာ ဘဝတွေထက် ခက်ခဲမယ်ဆိုတာသိတယ်။သိသိနဲ့ရွေးခဲ့တဲ့ခရီးအတွက် ဘယ်လိုအကြော င်းအရာမျိုးကိုမှ မငြီးညူခဲ့ဘူး။

ဒုက္ခထဲမှာ ကျနော်ပျော်ပါတယ်အရေးတကြီးပြောချင်တာက ကျနော်တို့ထက်ဆိုးတဲ့ ကလေးတွေကအများကြီးပါ။

ကျနော်တ်ို့ဒုက္ခက သူတ်ို့တွေရင်ဆိုင်နေရတာထက်အများကြီးသေးပါတယ်။

မြန်မာပြည်အနှံ့ကလူငယ်တွေ တော်လှန်ရေးရဲဘော်တွေကို
စာနာပေးပါ၊ကူညီပေးပါ၊ထောက်ပံ့ပေးကြပါ။နောက်ဆုံး မေတ္တာပေးပါ။ဟုပြောကြားထားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *