NUG နှင့် စဉ်ဆက်မပြတ်ဆက်သွယ်၍ မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ကြိုးပမ်းသွားမည်ဟု တောင်ကိုရီးယားအစိုးရသမ္မတရုံးမှ ပြန်လည်ဖြေကြား

NUG နှင့် စဉ်ဆက်မပြတ်ဆက်သွယ်၍ မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ကြိုးပမ်းသွားမည်ဟု တောင်ကိုရီးယားအစိုးရသမ္မတရုံးမှ ပြန်လည်ဖြေကြား

-ဘာသာပြန်-
အဆိုပါတောင်းဆိုသူသည်မြန်မာ့တပ်မတော်အားပြစ်တင်ရှုတ်ချပြီး မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) နှင့် တရားဝင်သံတမန်ဆက်ဆံရေးထူထောင်ခြင်းဖြင့် မြန်မာပြည်သူများအားလက်ဆွဲရန်အသနားခံခဲ့သည်။
နိုင်ငံသား ၂၆၈,၄၂၈ ကလက်မှတ်ထိုးခဲ့သည်။ မြန်မာနိုင်ငံ၏ အကျပ်အတည်းစတင်ချိန် မှစ၍ အစိုးရသည်မြန်မာနိုင်ငံ၏ ဒီမိုကရေစီလိုလားသောပြည်သူများကို ထောက်ခံရန်၎င်း၏ ရပ်တည်ချက်ကိုအကြိမ်ကြိမ်ဖော်ပြခဲ့သည်။
ထို့အပြင်၎င်းအားနိုင်ငံသားများ အပေါ်အကြမ်းဖက်မှုကို ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရေး နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး နှင့် ပြန်လည်ထူထောင်ရေးတို့ကိုစဉ်ဆက်မပြတ်တောင်းဆိုခဲ့သည်။
ထို့အပြင်မတ်လ၌ကာကွယ်ရေး နှင့် လုံခြုံရေးနယ်ပယ်များတွင် မြန်မာဘက် နှင့်ကူလူးဆက်ဆံမှုအသစ်များရပ်ဆိုင်းခဲ့သည်။
စစ်ဘက်ဆိုင်ရာအထောက်အပံ့များကိုတင်ပို့ခွင့်မပြုခဲ့ပါ၊ တန်ပြန်တုံ့ပြန်မှုများကိုလုပ်ဆောင်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံတွင်းနေ မြန်မာနိုင်ငံသားများအား လူသားချင်းစာနာသည့် အထူးနေထိုင်ခွင့်ပေးခြင်းတို့အား ထုတ်ပြန်ခဲ့ပါသည်။

အစိုးရသည်အနာဂတ်တွင်မြန်မာနိုင်ငံရှိပြည်သူတို့၏ ဆန္ဒနှင့်ကိုက်ညီသောအခြေအနေကို ဖြေရှင်းရာတွင်ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်အရအမျိုးသားစည်းလုံးညီညွှတ်ရေး အစိုးရ (NUG) အပါအ ဝင်အဓိကပါတီများ နှင့် ဆက်လက်ဆက်သွယ်သွားမည်ဖြစ်သည်။

မြန်မာအစိုးရသည်မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ပြန်လည်ထူထောင်ရန် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် အနီးကပ်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အမျိုးသားအဆင့်အသနားခံစာမှာပါဝင်ခဲ့ကြသူ အားလုံးကိုကျေးဇူးတင်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *