NUG အစိုးရ၏ Raffle Tickets ရောင်းချရမှု စောင်ရေ ငါးသိန်းပြည့်ရန် အနည်းငယ်သာလိုတော့သည်

NUG အစိုးရ၏ Raffle Tickets ရောင်းချရမှု စောင်ရေ ငါးသိန်းပြည့်ရန် အနည်းငယ်သာလိုတော့သည်

သြဂုတ် ၂၆။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် CRPH-OFP နှင့် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ဦးစီး၍ “5 Million Raffle Ticket Challenge” ဆိုသည့် Global Campaign အရ ဩဂုတ်လ ၁၂ ရက်မှ လက်မှတ်များ စတင် ရောင်းချခဲ့ရာ ယနေ့ သြဂုတ်လ ၂၆ ရက်‌နေ့လည် အချိန်အထိ စောင်ရေ လေးသိန်းကိုးသောင်းကျော် ရောင်းချခဲ့ပြီးဖြစ်သည်။

စုစုပေါင်း ရောင်းချမည့် လက်မှတ်စောင်ရေမှာ ငါးသိန်းဖြစ်သည့်အတွက် ပြည့်မီရန် နှစ်ထောင်ကျော်ခန့်သာလိုတော့မည်ဖြစ်ပြီး ယခု ဩဂုတ်လ လကုန်အထိ ရောင်းချသွား မည်ဖြစ်သည်။

Campaign ၏ ရည်ရွယ်ချက်မှာ အမေရိကန်ဒေါ်လာ ငါးသန်း ပမာဏရှိ Raffle Ticket များကို အလှူငွေကောက်ခံ ရောင်းချနေခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် challenge အလှူငွေ ပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ငါးသန်းကို သြဂုတ်လအတွင်း ပြည့်မီအောင် ကမ္ဘာ အနှံ့တွင်ရှိသည့် CRPH – OFP Fundraisers များမှ အလှူငွေကောက်ခံပေးနေခြင်း ဖြစ်သည်။

အစီအစဉ်မှာ ပါဝင်လှူဒါန်းကြသည့် ပြည်သူများကို ပြန်လည်တုံ့ပြန်သည့် အနေဖြင့် Raffle Ticket များကို သြဂုတ်လ လကုန်ပိုင်းတွင် မဲနှိုက်ပေး၍ ကိုမင်းကိုနိုင်၏ တော်လှန်ရေး အမှတ်တရ ပန်းချီကားနှင့် အခြားပစ္စည်းများကို မဲဖောက်ပေးသွားမှာ ဖြစ်သည်ဟု CRPH က ပြောဆိုထားသည်။

သတင်း- BAP

Leave a Reply

Your email address will not be published. Required fields are marked *