ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် မြန်မာစစ်တပ်ရမည်ဟု ရုရှားဝန်ကြီးချုပ်ပြောကြား

မြန်မာပြည်ထဲ လက်နက်္မပို့ရေး ကုလအထွေထွေညီလာခံ ဆုံးဖြတ်ချက် ရှိနေပေမယ့် ရုရှားကတော့ ရှိလက်စ စာချုပ်အတိုင်း ပန်ဆီယာ ဒုံးစနစ်ကို မြန်မာစစ်တပ်ကိုပေးမည်ဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ်ကပြာကြားခဲ့ပါသည်။

အာဏာမသိမ်းခင် နှစ်ဆန်း ဇန်နဝါရီတုန်းက အဲဒီ လေကြောင်းရန် ကာကွယ်ရေး ဒုံးစနစ်ကို ရုရှားဆီက မြန်မာစစ်တပ် ဝယ်ယူထားတာဖြစ်ပြီး မြန်မာစစ်တပ်အနေနဲ့ ရုရှားဆီက ပန်ဆီယာ Pantsir လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် စနစ် ရလာဖို့ ရှိပါသည်။

ချုပ်ဆိုထားတဲ့ စာချုပ်ပါ သတ်မှတ်ချက်တွေ အတိုင်း ပန်ဆီယာ ဒုံးကျည်စနစ်ကို မြန်မာနိုင်ငံထဲ ပို့ပေးမယ် ဆိုပြီး ရုရား ဗဟိုအစိုးရ၊ စစ်ဘက်ဆိုင်ရာ နည်းပညာ ကော်ပိုရေးရှင်းရဲ့ အကြီးအကဲ ဒီမီထရီ ရှူဂါယက်ဗ်ကို ကိုးကားပြီး ရုရှား သတင်း မီဒီယာတွေက ရေးသားထားပါသည်။

ထရပ်ကားပေါ် ပစ်စင်တွေ တင်ထားပြီး ပြောင်းရွှေ့ နေရာချနိုင်တဲ့ ပန်ဆီယာ ဒုံးစနစ်ဟာ လေယာဥ်တွေ၊ ဒရုံးတွေကို ပစ်ချနိုင်တဲ့ မြေပြင်ကနေ ဝေဟင် တာလတ် ပစ် ဒုံးကျည်စနစ် ဖြစ်သလို၊ ရန်သူရဲ့ ခရုဇ်မစ်ဆိုင်း ဒုံးကျည်တွေကိုလည်း တန်ပြန် ပစ်ချနိုင်တဲ့ ဒုံးခွင်းဒုံး စနစ် ဖြစ်ပါသည်။

ပန်ဆီယာ ကို မြန်မာစစ်တပ်က ဝယ်တာ အခုနှစ်ဆန်း ဇန်နဝါရီလထဲမှာ ဖြစ်တယ်လို့ နားလည်ရပါတယ်။ ဒါဟာ စစ်အာဏာ မသိမ်းခင်က ဖြစ်ပါသည်။မြန်မာစစ်တပ်က တစ်ကျော့ပြန် စစ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း မြန်မာနိုင်ငံထဲ လက်နက်တွေ မစီးဆင်းရေး အတွက် နိုင်ငံတကာ ပိတ်ပင်မှုတွေ လုပ်ကြဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက် ချမှတ် ထားပါသည်။

အထွေထွေညီလာခံ ဆုံးဖြတ်ချက်ဟာ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မဖြစ်မနေ လိုက်နာ အကောင်အထည် ဖော်ဆောင် စရာမလိုပါဘူး။ ရုရှားကလည်း မြန်မာပြည်ထဲ စစ်အာဏာသိမ်းမှု့ ဖြစ်ပြီးနောက်္မှာကို အာဏာသိမ်း စစ်တပ်နဲ့ကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေ တိုးမြှင့်ခိုင်မာ စေမယ်ဆိုပြီး အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။ ရောင်းချထားတဲ့ လက်နက်တွေကိုလည်း စာချုပ်ပါ ကတိကဝတ်တွေ အတိုင်း မဖြစ်မနေ ပို့ဆောင်မယ့်အကြောင်း အခုတစ်ခါ ပြောလာတာ ဖြစ်ပါသည်။

ဒါ့ကြောင့် မြန်မာပြည်ကို လက်နက် မတင်ပို့ရေး ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာ အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ထွက်လာအောင် မြန်မာအရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဆော်ဩနေကြပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *