နိူင်ငံဝင်ငွေ လျော့နည်းကျဆင်းနေတာကြောင့် ရငွေဆက်လျော့နိုင်ပြီး အသုံးစရိတ် စိစစ်သုံးစွဲဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

Unicode:

ကိုဗစ်(၁၉) ကပ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်နေရပြီး စီးပွားရေး ထိခိုက်မှုတချို့ ရှိတဲ့အပြင် အခွန်အကောက်ရငွေနဲ့ တခြားသာမန်ရငွေအပါအဝင် နိုင်ငံတော်ဝင်ငွေတွေ ကျဆင်းနေတာကြောင့် လာမယ့် (၆)လအတွင်း ရငွေ ဆက် လျော့နိုင်တယ်လို့ မနေ့ ဩဂုတ် ၂၄ ရက်‌ေန့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဒုတိယ သောင်းကျန်းသူ စစ်ခေါင်းဆောင် စိုးဝင်းကပြောပါသည်။

စစ်ကောင်စီအနေနဲ့ ကိုဗစ်ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ အသုံးစရိတ်မဖြစ်မနေသုံးရမှာဖြစ်တာကြောင့် ပြည်ထောင်စုဝန်ကြီးဌာန တွေအနေနဲ့ အသုံးစရိတ်အတတ်နိုင်ဆုံး စိစစ်သုံးစွဲဖို့ သူကဆက်ပြောပါတယ်။ပြည်သူတွေအခုလိုဆက်လုပ်နေမည်ဆိုရင် တိိုင်းပြည်ပိုမွဲဖို့ပဲရှိမည်ဟုဝန်ကြီးများအား ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြောကြားခဲ့ပါ သေးသည်။

လက်ရှိမှာ နစက စစ်ကောင်စီဘက်က ကြားကာလဘတ်ဂျက်ဆိုကာ ၂၀၂၁ ခုနှစ် အောက်တိုဘာ (၁)ရက်ကနေ ၂၀၂၂ခုနှစ် မတ်လ (၃၁)ရက်အထိ (၆)လတာ ခန့်မှန်းခြေငွေစာရင်းရေးဆွဲနေပါသည်။

အဲ့ဒီ (၆)လတာ ငွေစာရင်းထဲမှာ ပုံမှန်လိုအပ်တဲ့ အသုံးစရိတ်တွေအပြင် ကုန်ထုတ်လုပ်မယ့်စက်ရုံတွေ ပြန်လည်ပတ်ရေးအတွက် အသုံးစရိတ်တွေ၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး စရိတ်တွေအပြင် စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ပြည်ပချေးငွေ၊ ပြည်ပအကူအညီရငွေတို့နဲ့ ဆောင်ရွက်္မယ့် အသုံးစရိတ်တွေလည်း ပါဝင်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာမှာ ဖော်ပြထားပါသည်။

အရပ်သားအစိုးရလက်ထက်္မှာ ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်ကို ပြောင်းလဲခဲ့ပြီး ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်ကစကာ အောက်တိုဘာ (၁)ရက်ကနေ စက်တင်ဘာ (၃၀)ရက်အထိ သတ်မှတ်ခဲ့တာပါဖြစ်ပါသညါ။

အာဏာသိမ်းပြီးတဲ့နောက် နစက စစ်ကောင်စီဘက်ကနေ ဘဏ္ဍာနှစ်ကို ဧပြီ (၁)ရက်ကနေ မတ်လ (၃၁)ရက် ကို ပြန်ပြောင်းဖို့ ပြင်ဆင်နေပါသည်။

အရအသုံးခန့်မှန်းခြေငွေစာရင်းနဲ့ အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းတွေကို နှစ်စဉ်မဖြစ်မနေ ပြဌာန်းရတာကြောင့် စစ်ကောင်စီကနေ ကြားကာလဘတ်ဂျက် အဖြစ် (၆)လတာ ခန့်မှန်းခြေငွေစာရင်းရေးဆွဲနေတာလို့ ဖော်ပြထားပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *