ရုံးစာများ Facebook ပေါ်တွင် မပေါက်ကြားရန် နတလ က လျှို့ဝှက် ညွန်ကြား သော်လည်း ပေါက်ကြားခဲ့

Unicode:

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအောက်ရှိ တိုင်း/ပြည်နယ်/ခရိုင်ရုံးများအနေဖြင့် ရုံးစာများကို လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် Facebook ပေါ်တို့တွင် ဖြန့်ဝေခြင်း ပေါက်ကြားခြင်းများမရှိရေး အထူးအလေးထားကြပ်မတ်သွားရန် လျှို့ဝှက်ညွှန်ကြားထားကြောင်း သိရှိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းများအားလုံး Covid-19 ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက်ဟုဆိုကာ ဂျင်းပြုတ်ရည်သောက်ကြရန် ညွှန်ကြားထားမှုများရှိခဲ့သလို နစက အာဏာသိမ်းစစ်ကောင်စီအတွက် ဝါဒဖြန့် ဟောပြောပေးထားသည့် မိုးဟိန်း ၏ ဟောပြောချက်္များကို ကြည့်ရှုရုံတင်မဟုတ်ဘဲ ချပြရှင်းလင်းဆွေးနွေးရန်လည်း ညွှန်ကြားထားသည့် လျှို့ဝှက်ညွှန်ကြားစာများ ထွက်ပေါ်လာပြီးနောက် ရုံးစာများ မပေါက်ကြားရေး ယခုလို ထပ်မံ၍ လျှို့ဝှက်ညွှန်ကြားခြင်း ဖြစ်ကြောင်း သိရှိရသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *