နိူင်ငံ‌ေတာ်ထိခိုက်စေရန်အတွက် မိမိတို့အား စီးပွားရေးအရ ဘဏ်စနစ်များမှတစ်ဆင့်တိုက်ခိုက်္မှု့များရှိနေဟု မင်းအောင်လှိုင်ပြောကြား

ဘဏ်စနစ်သည် နိုင်ငံတစ်ခု၏အသက်ဖြစ်ပြီး မိမိတို့အားထိခိုက်စေရန်အတွက် စီးပွားရေးအရ ဘဏ်စနစ်များမှတဆင့် တိုက်ခိုက်မှုများရှိကြောင်း ဩဂုတ်လ (၂၃) ရက်ကကျင်းပသည့် စကစ အစည်းအဝေး (၁၄/၂ဝ၂၁) တွင် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောပါသည်။

၁၉၉၇ ခုနှစ်အာရှငွေကြေးဂယက်ကြောင့် နိုင်ငံများစွာတွင် ဘဏ်စနစ်များထိခိုက်ခဲ့ရပြီး အစိုးရများပြုတ်ကျမှုများရှိခဲ့ကြောင်း၊ ထိုသို့ငွေကြေးဂယက် ဖြစ်စေရန်အတွက် အဓိကကြိုးကိုင်ဆောင်ရွက်ခဲ့သည့် ဂျော့ဆိုးရော့စ်အား အဆိုပါနိုင်ငံများက ပြည်ဝင်ခွင့်ပိတ်ပင်ထားသည်ဟုသိရကြောင်း ၎င်းကပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ ဘဏ်စနစ်တွင် ငွေသားကိုအဓိကသုံးစွဲလျက်ရှိပြီး E-Banking စနစ်သုံးစွဲမှုအား နည်းနေသေးကြောင်းပြောသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ် (၄)ဘဏ်၊ ပြည် တွင်းပုဂလိကဘဏ်(၂၇)ဘဏ်၊ နိုင်ငံခြားဘဏ်ခွဲ (၁၇)ဘဏ်တို့ကို ဖွင့်လှစ်ခွင့်ပေးထားကြောင်းသိရသည်။ လက်ရှိအချိန်တွင် ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းအသုံးပြုမှုများကို ကန့်သတ်ချက်္များဖြင့် လုပ်ဆောင်ခွင့်ပြုထား သည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *