D-Day က ဒီနေ့လည်း ဖြစ်နိုင်တယ် မနက်ဖြန်လည်း ဖြစ်နိုင်တယ်ဟု NUG ဝန်ကြီးဌာနအသီးသီးကလည်း အမျိုးမျိုးသောတိုက်ပွဲဆင်နွှဲနေပါ‌ေကြာင်း ဒုဝန်ကြီးဆို

Unicode:

ဒီကနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲပုံစံမျိုးစုံဖြင့်ဆောင်ရွက်နေပြီး ရက်တိုင်း ရက်တိုင်းသည် ဒီဒေးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမိုးဇော်ဦးက ပြောကြားခဲ့ပါသည်။

NUG ဝန်ကြီးဌာန အသီးသီးအနေဖြင့် တိုက်ပွဲပုံစံအမျိုးမျိုး ဆင်နွှဲ လျက်ရှိရာ သံတမန်ရေးအရ တိုက်ပွဲ၊ ဘဏ္ဍာရေးအရ တိုက်ပွဲ၊ ဆက်သွယ်ရေးအရ တိုက်ပွဲ၊ စစ်ကောင်စီ၏ စစ်ရေးအရ ထိုးနှက်မှုကို တုံ့ပြန်ရမည့် တိုက်ပွဲ စသည်တို့အတွက် ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟု NUG ဒုဝန်ကြီး ဦးမိုးဇော်ဦးကဆိုပါသည်။

တိုက်ပွဲအားလုံးအတွက် ပြင်ဆင်မှု့များရှိနေမည်ဖြစ်သော်လည်း ဒီဒေး အတွက် အထူးတလည် ရက်သတ်မှတ်ချက်္မရှိဘဲ ရက်တိုင်းက ဒီဒေးများသာဖြစ်တယ် “ကျွန်တော်တို့ မြန်မာစကားပေါ့ ကုသိုလ်ကောင်းမှု့လုပ်ဖို့အတွက်ဆိုရင် ရက်တိုင်းက ရက်ရာဇာပဲလို့ ပြောတဲ့စကား ရှိသလိုပဲပေါ့လေ ကျွန်တော်တို့က မတရားမှုတွေကို ဖိနှိပ်မှုတွေကို တွန်းလှန် တိုက်ခိုက်တဲ့အခါမှာတော့ ရက်တိုင်းကတော့ ဒီဒေးပဲပေါ့။ ဒီဒေးဆိုတာ ဒီနေ့လည်း ဖြစ်နိုင်တယ် မနက်ဖြန်လည်း ဖြစ်နိုင်တယ်” ဟု ဦးမိုးဇော်ဦးက ပြောကြားသွားခဲ့ပါသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီအဖွဲ့တွေနဲ့ မလွှဲမသွေတိုက်ပွဲ ဆင်နွှဲရမှာဖြစ်ပြီး စတင်မယ့်ရက်ကိုလည်း ညှိနှိုင်းသတ်မှတ်ဆုံးဖြတ်မယ်လို့ မကြာခင်ရက်ပိုင်းက ပြောဆိုခဲ့ပါသေးသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *