ပထမအကြိမ် နွေဦးထီရောင်းရငွေများအနက်္မှ CDM ဝန်ထမ်း ၃၅၀၀ ခန့်အတွက် ထောက်ပံ့နိုင်ရန် NUG စီစဥ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချသည့် “အောင်လံလွှင့်ချီ နွေဦးထီ”ရောင်းချငွေများ အနက်မှ CDMဝန်ထမ်း ၃၅၀၀ခန့်အတွက် ပထမအကြိမ် ထောက်ပံ့နိုင်ရန် စီစဥ်နေကြောင်း NUG၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDMတွင် ပါဝင်နေသူ ၄သိန်းကျော်အထိ ရှိနေပြီး နွေဦးထီ စမ်းသပ်ကာလ ၅ရက်တာရောင်းချငွေများ အနက်္မှ CDMဝန်ထမ်း ၃၅၀၀ ခန့်အတွက် ပထမအကြိမ် ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

နွေဦးထီ ဖွင့်လှစ်ရောင်းချခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၅ ရက်အတွက် ထီလက်္မှတ်စောင်ရေ နှစ်သိန်းခွဲရောင်းချခဲ့ရပြီး ရောင်းရငွေ ကျပ်သိန်း ၅ ထောင် ကျော်အနက်္မှ ကျပ်သိန်း ၃၅၀၀ကို CDM ဝန်ထမ်း ၃၅၀၀ ခန့်အတွက် တစ်ဦးလျှင် ကျပ် ၁သိန်းနှုန်းစီထောက်ပံ့နိုင်ရန် စီစဥ်ထားကြောင်းလဲသိရှိရသည်။

နွေဦးထီရောင်းချငွေ သိန်း ၅ထောင်မှာ သိန်း ၃၅၀၀ကို CDM ဝန်ထမ်းများကို လွှဲပြောင်းထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ ဒီစမ်းသပ်ကာလမှာ CDM ဝန်ထမ်းတစ်ဦးကို အများဆုံး တစ်သိန်း ပံ့ပိုးနိုင်အောင် ရည်ရွယ်ထားတာ ဖြစ်ပါတယ်” ဟု NUG အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ယမန်နေ့က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) က ဖွင့်လှစ်ရောင်းချသည့် “အောင်လံလွှင့်ချီ နွေဦးထီ”ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းအား CDMဝန်ထမ်းများကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း NUG က‌ ‌ေကြငြာထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *