စီးပွားရေး လုပ်ငန်းများကို ပြည်သူအတွက် NUG အစိုးရ က အခွန်ကောက်တော့မည်ဖြစ် 

စီးပွားရေးလုပ်ငန်းများကို NUG အစိုးရ အနေဖြင့်အခွန်ကောက်မည့် စနစ်တစ်ရပ်ကို မကြာမီ ပွင့်လင်းမြင်သာမှု့ရှိစွာဖြင့် ပြည်သူလူထုကို ချပြသွားမည်ဖြစ်ကြောင်း NUG အစိုးရ ဝန်ကြီး ဦးတင်နိုင်ထွန်းကပြောကြားခဲ့ပါသည်။ 

ယနေ့ ပြုလုပ်သော NUG အစိုးရ သတင်းစာရှင်းလင်းပွဲတွင် စီမံဘဏ္ဍာ ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ 

” တော်လှန်ရေးကို သက်ဝင်ယုံကြည်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အခွန်ထမ်းနိုင်မယ့် စနစ်တစ်ခုပြင်ဆင်နေပါတယ်။ အခွန်ပေးသွင်းရာမှာလည်း လုံခြုံစိတ်ချမှု့ရှိစေမယ့် စနစ်တွေ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်” ဟု ဝန်ကြီးက ရှင်းပြခဲ့ပါသည်။ 

​အခွန်ပေးသွင်းမည့် လုပ်ငန်းရှင်များအတွက် အသိအမှတ်ပြု ကုဒ် နံပါတ်တစ်ခု ထုတ်ပေးထားမည်ဖြစ်ပြီး ကြိုတင်ခွန်သဘောမျိုး သတ်မှတ်ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။ 

” လုပ်ငန်းရှင်က သူ့လုပ်ငန်းအတွက် အခွန်ဘယ်လောက် ဆောင်မလဲဆိုတာ သူ့ဟာသူ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော်တို့ By Force သုံးမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုပါသည်။ 

တော်လှန်ရေးကာလ ပြီးဆုံးသည့်အခါ ကြိုတင်ခွန်သွင်းပေးထားသည့် လုပ်ငန်းရှင်များကို ပြန်လည်ခုနှိမ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

____________________________________________

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *