NUG ရေဒီယိုအစီအစဥ်များကို တခြားသော အသံလွှင့်သတင်းဌာနများနှင့်ပါ NUG က ပူးပေါင်းအသံလွှင့်မည်

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Radio NUG အစီအစဉ်ကို ဩဂုတ် ၂၀ရက်နေ့မှာ စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။ဩဂုတ် ၂၅ရက်နေ့မှာ ဒုတိယအကြိမ်ထပ်မံစမ်းသပ်ထုတ်လွှင့်မယ်လို့ Radio NUG Information Team တာဝန်ရှိသူက ဩဂုတ်လ ၂၄ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ စစ်ကောင်စီက Radio NUG ကို တရားမဝင်ဘူးလို့ကြေညာထားသလို ပါဝင်ကူညီသူတွေကို လည်းအရေးယူမယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီက သတင်းအမှောင်ချဖို့ အင်တာနက်လိုင်းတွေဖြတ်တောက်တာမျိုးလုပ်လာခဲ့ရင် ပြည်သူတွေသတင်းရနိုင်ဖို့ Radio NUG ကို စီစဉ်ထုတ်လွှင့်တာဖြစ်ပြီး သတင်းအချက်အလက်တွေခိုင်မာအောင် သတင်းမီဒီယာတွေနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ရှိနေပါသည်။

Radio NUG Information Team တာဝန်ရှိသူ

“တရားမဝင်တဲ့ စစ်ကောင်စီက တရားမဝင်ဘူးလို့မပြောတာဟာ တရားဝင်တယ်လို့ပြောလိုက်သလိုပါပဲ။ ပြည်သူတွေက ဘယ်သူကတရားဝင်တယ်ဆိုတာကို သက်သေပြပြီးဖြစ်ပါတယ်။ သူတို့ပြောတာတွေအပေါ်ကျွန်တော်တို့NUG က ဘာမှ ဂရုစိုက်စရာမရှိပါဘူး။ နောက်ပိုင်းမှာ သတင်းတွေကိုအတည်ပြုနိုင်ဖို့ သတင်းမီဒီယာအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါသည်။”

Zawgyicode:

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Radio NUG အစီအစဉ်ကို ဩဂုတ် ၂၀ရက်နေ့မှာ စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ပြီးဖြစ်သည်။ ဩဂုတ် ၂၅ရက်နေ့မှာ ဒုတိယအကြိမ်ထပ်မံစမ်းသပ်ထုတ်လွှင့်မယ်လို့ Radio NUG Information Team တာဝန်ရှိသူက ဩဂုတ်လ ၂၄ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ စစ်ကောင်စီက Radio NUG ကို တရားမဝင်ဘူးလို့ကြေညာထားသလို ပါဝင်ကူညီသူတွေကို လည်းအရေးယူမယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီက သတင်းအမှောင်ချဖို့ အင်တာနက်လိုင်းတွေဖြတ်တောက်တာမျိုးလုပ်လာခဲ့ရင် ပြည်သူတွေသတင်းရနိုင်ဖို့ Radio NUG ကို စီစဉ်ထုတ်လွှင့်တာဖြစ်ပြီး သတင်းအချက်အလက်တွေခိုင်မာအောင် သတင်းမီဒီယာတွေနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ရှိနေပါသည်။

Radio NUG Information Team တာဝန်ရှိသူ

“တရားမဝင်တဲ့ စစ်ကောင်စီက တရားမဝင်ဘူးလို့မပြောတာဟာ တရားဝင်တယ်လို့ပြောလိုက်သလိုပါပဲ။ ပြည်သူတွေက ဘယ်သူကတရားဝင်တယ်ဆိုတာကို သက်သေပြပြီးဖြစ်ပါတယ်။ သူတို့ပြောတာတွေအပေါ်ကျွန်တော်တို့NUG က ဘာမှ ဂရုစိုက်စရာမရှိပါဘူး။ နောက်ပိုင်းမှာ သတင်းတွေကိုအတည်ပြုနိုင်ဖို့ သတင်းမီဒီယာအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါသည်။”

Leave a Reply

Your email address will not be published. Required fields are marked *