ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ သီချင်းသီဆိုဖျော်ဖြေခဲ့တဲ့ ကရင်မလေး မာသာထူးဝါး

တေးရေးဦးထူးဝါးရဲ့မျိုးဆက်လေးဖြစ်တဲ့ နော်မာသာထူးဝါးဟာ ဖခင်ဖြစ်သူရဲ့ဂီတအမွေကို ဆက်ခံနိုင်တဲ့ သမီးလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကထိုင်းနိုင်ငံမှာနေခဲ့ပြီး ဖခင်ဖြစ်သူဆုံးပါးပြီးနောက်ပိုင်း ကျန်ရစ်တဲ့မိသားစုတွေက ကိုရီးယားနိုင်ငံကိုပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ ဖိုးမူကြီးရဲ့ ရင်တွင်းခံစားချက် အစစ်အမှန်တစ်ခုဖြစ်တဲ့အိမ်လေးတစ်လုံးလိုချင်တယ်သီချင်းဟာ အောင်မြင်မှုရရှိခဲ့ပြီး အားပေးတဲ့ပရိသတ်တွေလည်း ရှိလာခဲ့ပါတယ်။ အသက်ငယ်ငယ်နဲ့ အောင်မြင်ခဲ့တဲ့ ဖိုးမူကြီးဟာ သူမရဲ့ဂီတအရည်အသွေးကို ပိုပြီးမြှင့်တင်နိုင်အောင်ကြိုးစားနေသူလေးပါ။ ဒီနေ့မှာလည်း ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ ဆရာများနေ့အတွက် သူမ ဖျော်ဖြေနေတဲ့ဗီဒီယိုလေးကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။

နှုတ်ခမ်းဖျားကထွက်လာတဲ့ သံစဉ်လေးဟာ ရင်ထဲထိရောက်သွားအောင် ဆွဲဆောင်နိုင်တဲ့ အသံပိုင်ရှင်လေးပါပဲ။အသင်အပြကောင်းတဲ့ ဆရာမနဲ့ဆုံတွေ့ခဲ့ရတာကြောင့် ရွက်ပုံးသီးလေးကနေ ရတနာလေးဖြစ်လာတော့မှာပါ။ သူမရဲ့ သီဆိုဖျော်ဖြေမှုကို မြန်မာပြည်မှာသာမက ကိုရီးယားလူမျိုးတွေကလည်း နှစ်သက်အားပေးကြပါတယ်။ဆယ်ကျော်သက်အရွယ်ကလေးလေး တစ်ယောက်ဖြစ်ပေမယ့် ခံယူချက်နဲ့ ကြိုးစားမှုက လေးစားလောက်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ လည်း ဖိုးမူကြီးတို့တစ်မိသားစုလုံးဟာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့ပါတယ်။

အသင်အပြကောင်းတဲ့ဆရာမကြောင့်အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့တဲ့ ဗီဒီယိုလေးကို ” Blessed Teacher Day.သမီးကို အမြဲလမ်းပြပဲ့ပြင်ပေးပြီး၊ သီချင်းတွေကိုလည်းအကောင်းဆုံး သီဆိုနိုင်အောင် လမ်းပြပေးတဲ့ ဆရာမကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်။ ဆရာမလို သီချင်းကောင်းကောင်းဆိုတတ် အောင် သမီးအများကြီး ကြိုးစားပါမယ်။ကျေးဇူးအထူးတင်တယ်။ ချစ်တယ်။ဆိုပြီး ဝေမျှခဲ့ပါတယ်။ ဖိုးမူကြီးနဲ့ ဆရာမတို့အတူတူ ဖျော်ဖြေခဲ့တဲ့ သီချင်းလေးဟာ စီးမျောလို့ကောင်းလွန်းတာမို့ ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

zawgyi/

ဆရာများနေ့အထိမ်းအမှတ်အဖြစ်နဲ့ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ သီချင်းသီဆိုဖျော်ဖြေခဲ့တဲ့ ကရင်မလေး မာသာထူးဝါးရဲ့ဗီဒီယို

Leave a Reply

Your email address will not be published. Required fields are marked *