NUG နဲ့ နစက စစ်ကောင်စီ နိုင်ငံတကာအသိအမှတ်ပြုနိုင်ခြေ အဖြေထွက်လာပြီ

နိုင်ငံတကာက အစိုးရသစ်တစ်ရပ်ကိုအသိအမှတ်ပြုဖို့ စဉ်းစားကြတဲ့နေရာမှာ တိုင်းပြည်ကို ထိန်းချုပ်ထားတဲ့အစုအဖွဲ့၊ ဒီမိုကရေစီနည်းလမ်းအရ တရားဝင်ခြင်း ရှိမရှိ ဆိုတာနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာခြင်း ရှိမရှိ ဆိုတဲ့ အချက် (၃) ချက် ထည့်သွင်း စဉ်းစားကြလေ့ရှိတယ်လို့ ဆိုပါသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နစက အာဏာသိမ်းပြီး တိုင်းပြည်အာဏာကို ထိန်းချုပ်ထားတဲ့ အစုအဖွဲ့ဖြစ်တဲ့ မြန်မာစစ်ဟာ အာဏာသိမ်းရခြင်း အကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်တဲ့ လုပ်ရပ် ၂ ခုစလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖောက် လုပ်ဆောင်ခြင်းဖြစ်တဲ့အတွက် ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ရပ်ဖြစ်တာကြောင့် တရားဝင် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့ SAC-M က ပြောပါသည်။

NUG ဟာ တရားဝင်အစိုးရ ဖြစ်သင့် မသင့်ဆိုတဲ့အချက်ကိုကြည့်မယ်ဆိုရင်တော့ – NUG ဟာ ပြည်သူလူထုက ရွေးကောက် တင်မြောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH – ပြည့်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီဝင်တွေကဒီမိုကရေစီ လမ်းတကျ ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်တဲ့အပြင် ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်စားစုတွေရဲ့ သဘောဆန္ဒတွေ ထက်ဟပ် ပေါ်လွင်စေတဲ့ အစိုးရတရပ်ဖြစ်တယ်လို့ ဩဂုတ်လ ၂၄ ရက်၊ ဒီကနေ့ရက်စွဲနဲ့ SAC-M က ထုတ်ပြန်တဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *