နိုင်ငံတိုးတက်ရေအကြိုးပြု သတင်းပေးများအား ဆုကြေးငွေချီးမြှင့်ပေးရန် နစက စစ်ကောင်စီအဖွဲ့ဝင်များတောင်းဆို‌ေကြငြာ

Unicode:

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် CRPH တို့ကို ငွေကြေးနှင့်ပစ္စည်းများ စုဆောင်းထောက်ပံ့ပေးနေသူများကို ဖမ်းဆီးအရေးယူရန်နှင့် ၎င်းတို့ကိုဖမ်းရန် သတင်းပေးသူများကိုလည်း ဆုကြေးငွေချီးမြှင့်ပေးရန် နစက စစ်ကောင်စီအဖွဲ့ဝင်များက မအလ မင်းအောင်လှိုင်ထံသို့ တောင်းဆိုခဲ့ပါသည်။

စစ်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် သိန်းညွန့်၊ မန်းငြိမ်းမောင်၊ ခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊စိုင်းလုံးဆိုင်၊ ဒေါက်တာဗညားအောင်မိုးနှင့် ရွှေကြိမ်းတို့က ယမန်နေ့တွင်ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနှံ့က ပြည်သူများက ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း အာဏာလက်ကိုင်ယူထားသည့် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများတောက်လျှောက်ပြုလုပ်နေကြပြီး နစက စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များကလည်း ဖမ်းဆီးမှု့များပြုလုပ်လျက်ရှိပါသည်။

ထိုကဲ့သို့ ဖမ်းဆီးနိုင်ရန်အတွက် စစ်ကောင်စီ၏ သတင်းပေးများက အဓိက အခန်းကဏ္ဍမှပါဝင်ကူညီနေကြသည်ဟု ပြည်သူများက လက်ခံယုံကြည်နေကြသည်။

ထိုစစ်ကောင်စီသတင်းပေးများကို မြို့နယ်အနှံ့ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF များက လုပ်ကြံရှင်းလင်းလျက်ရှိပြီး စာတစ်စောင် ကျည်တစ်တောင့်ပို့ကာ သတိပေးမှု့များလည်း ပြုလုပ်ထားသည်ကို ၎င်းတို့၏ လူမှု့ကွန်ရက်စာမျက်နှာများပေါ်တွင် မြင်တွေ့နေရသည်။

နစက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လူငယ်များကို စစ်သင်တန်းပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တားဆီးရန်၊ သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရန်၊ ရုံးဝန်ထမ်းများကို ဂုဏ်ထူးဆောင်တံဆိပ်ပေးချီးမြှင့်ရန်လည်း မင်းအောင်လှိုင်ကို တိုက်တွန်းပြောဆို‌ေကြငြာခဲ့ကြပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *