စစ်ကောင်စီကို ဂျပန်အစိုးရက အသိအမှတ် မပြုသဖြင့် ၎င်းတို့စေလွှတ်မည့် သံအရာရှိ ၂ ဦးကို ပြည်ဝင်ခွင့်ပေးရန် ငြင်းဆို

Unicode:

အာဏာသိမ်း နစက စစ်ကောင်စီက ဂျပန်နိုင်ငံရှိ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်မည့် သံအရာရှိ ၂ ဦးကို ဂျပန်နိုင်ငံက ပြည်ဝင်ခွင့်ပေးရန် ငြင်းဆိုထားကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ပထမအတွင်းဝန်နှင့် ဒုတိယအတွင်းဝန်တို့မှာ အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်ဘဲ CDM ပြုလုပ်ခဲ့သဖြင့် နစက စစ်ကောင်စီက ရာထူးမှထုတ်ပယ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ထုတ်ပယ်ခဲ့သော သံအရာရှိ ၂ ဦးနေရာတွင် အစားထိုးရန်အတွက် မြန်မာနိုင်ငံမှ သံအရာရှိ ၂ ဦး စေလွှတ်ရန် အာဏာသိမ်းစစ်ကောင်စီက စီစဥ်ခဲ့သော်လည်း ဂျပန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာပေးရန် ငြင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံမှ Kyodo News က ယမန်နေ့ ဩဂုတ်လ ၂၂ ရက်နေ့ကအတည်ပြုရေးသားဖော်ပြခဲ့ပါသည်။

ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် CDM ပြုလုပ်သော သံအရာရှိများကို မြန်မာနိုငိငံကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုထားမည်ဟု Kyodo သတင်းက ဆိုပါသည်။

နစက အာဏာသိမ်းစစ်ကောင်စီအား ဂျပန်နိုင်ငံရှိ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ၂ ရပ်စလုံးက မြန်မာနိုင်ငံ အစိုးရအဖြစ် အသိအမှတ်မပြုဟု ကန့်ကွက်သူမရှိဆုံးဖြတ်ထားကြောင်း သိရှိရသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *