နေပြည်တော်အမှတ်၁၈ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သားတစ်ဦး CDMတွင် စတင်ပါဝင်လာ

(နေပြည်တော်)၊မေလ ၁၇ရက်။

နေပြည်တော်အမှတ်၁၈ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သား ဦးထွန်းမင်းဦးသည် မေလ ၁၃ရက်နေ့က စတင်ကာ CDMလှုပ်ရှားမှုတွင် စတင်ပါဝင်လာကြောင်း သတင်းရရှိသည်။

အဆိုပါရဲတပ်သားမှာ ပြည်သူရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့အစိုးရလက်အောက်သာလျှင် တာဝန်ထမ်းဆောင်လိုသည့်အတွက် ယခုစစ်အာဏာရှင်တာဝန်ယူဆောင်ရွက်သည့် အခိုက်အတန့်တွင် မိမိ၏ သဘောဆန္ဒအရ CDMပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း CDMရဲတပ်သားထံမှသိရသည်။

“ပြည်သူတွေကိုလက်နက်အားကိုပြီးနိုင်လိုမင်းထက်ပြုကျင့်တာကိုမလိုလားဘူး။စစ်အာဏာရှင်စနစ်ကို ကျွန်တော်မုန်းတယ်။ဓမ္မဝါဒီနဲ့ အဓမ္မဝါဒီကို ခွဲခြားပြီး သိလို့ ခုလို CDMလုပ်ရတာဖြစ်ပါတယ်”ဟု ရဲတပ်သား ဦးထွန်းမင်းဦး က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အစောပိုင်းကာလကတည်းက CDMပြုလုပ်ရန်ရည်ရွယ်ခဲ့ကြောင်းနှင့် အခွင့်အရေးရသည်နှင့်တပြိုင်နက် CDMပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

၎င်းအနေဖြင့် မိိမိ၏မိသားစု၊ မိမိ၏ ပတ်ဝန်းကျင်၊ မိမိ၏ ကျေးရွာ/မြို့နယ်/တိုင်းဒေသကြီး/နိုင်ငံအတွက် တာဝန်ကျေပွန်သော အမျိုးသားကောင်း တစ်ယောက်အဖြစ် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *