နစက စစ်ကောင်စီကိုစွန့်စွာ၊ လူထုနှင့်ပူးပေါင်းမည့် စစ်သားနှင့်ရဲများကို ပင်စင်အထိတာဝန်ယူမည်ဟု NUG ကတိပြုပြောကြား

Unicode:

အကြမ်းဖက်စစ်ကောင်စီနှင့်လမ်းခွဲပြီး လူထုနှင့်ပူးပေါင်းလာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကျိုးခံစားခွင့်ကို ပင်စင်အထိပါ တာဝန်ယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့တွင် ကတိပြုပြောကြားလိုက်ပါသည်။

တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို လေးစားအသိအမှတ်ပြုပြီး ၎င်းတို့၏ လုပ်သက်၊ ရာထူး၊ ပင်စင်များကို ဆက်လက် တာဝန်ယူမည်ဟု NUG ကအာမခံလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ပြည်သူ့ရင်ခွင် ခိုလှုံလာသူများသည်အသစ်ပြန်လည်ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်နှင့် ရဲတပ်ဖွဲ့၏ အရေးကြီးသောအပိုင်းတွင် ဆက်လက်ပူးပေါင်းပါဝင်နိုင်ရန် အစီအစဉ်များလည်းချမှတ်ထားမည်ဟု ထုတ်ဖော်ပြောသည်။

ခိုလှုံလာသူများအတွက် အသက်လုံခြုံမှု၊ မိသားစုဘဝလုံခြုံမှုနှင့် ဘဝရပ်တည်မှုအတွက် ကူညီစောင့်ရှောက်မှုအစီအမံများကို ချမှတ်ဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။

ထို့အပြင် ပြည်သူ့ရင်ခွင်ခိုလှုံမည့် တပ်ရင်းတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်း၊ ဒဏ်ခတ်အရေးယူခြင်း မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မဟာမိတ်များနှင့် ပြည်သူများကို အသိပေးညှိနှိုင်းအကြောင်းကြားထားမည်ဖြစ်ကြောင်း NUG က ဆိုပါသည်။

ကြိုဆိုလက်ခံရေးနှင့် တပ်များပေါင်းစည်းရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ပါဝင်သည့် အထူးကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု သိရှိရသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *