စီးပွားရေးစသည့်အကျပ်အတည်းများကြောင့် ပြည်သူလူထုမှ စိတ်နှလုံးပင်ပန်းကြီးစွာခံစားနေကြရဟု ပြည်သူ့ပါတီထုတ်ပြန်”

စီးပွားရေးစသည့်အကျပ်အတည်းများကြောင့် ပြည်သူလူထုမှ စိတ်နှလုံးပင်ပန်းကြီးစွာခံစားနေကြရဟု ပြည်သူ့ပါတီထုတ်ပြန်”

သြဂုတ် ၂၃၊ ၂၀၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်အာဏာရယူပြီးနောက်တွင် နိုင်ငံရေး၊ စစ်ရေး၊ ကပ်ရောဂါနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် ပြည်သူလူထုမှာ စိတ်နှလုံးပင်ပန်းကြီးစွာ ခံစားနေကြရသည့်ကာလအား ဖြတ်သန်းနေရကြောင်း ပြည်သူ့ပါတီ တည်ထောင်ခြင်း ၃ နှစ် ပြည့် သဘောထားကြေညာချက် တွင် ထည့်သွင်းကာ ဖော်ပြထားသည်။

ရှစ်လေးလုံးအရေးတော်ပုံကြောင့် ပါတီစုံနိုင်ငံရေး ပေါ်ပေါက်လာသော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ် အရေးအတွက် နိုင်ငံရေးသဘောတူညီချက် (Political Pact) မရရှိသည့်အတွက် နိုင်ငံရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကိုဗစ်ရောဂါ ကာကွယ်ကုသရေး နှင့် စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီထောက်ပံ့ရေး အတွက် အာဆီယံနိုင်ငံများ နှင့် နိုင်ငံတကာ မိသားစုများ နှင့် အမြန်ဆုံးပူးပေါင်းဆောင်ရွက်ရန်အတွက် အရေးကြီးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူများအကြား နိုင်ငံရေးနည်းလမ်း အပေါ် ယုံကြည်မှုပြန်လည်ရရှိစေရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသူများအား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ရန် တိုက်တွန်းတောင်းဆိုကြောင်း ဖော်ပြပါရှိသည်။

ယင်းအပြင် ပြည်သူ့ပါတီအနေဖြင့် အနာဂတ်နိုင်ငံတော်အတွက် နိုင်ငံရေးသဘောတူညီချက်တစ်ခုရရှိပေါ်ပေါက် လာစေရန် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးအတွက် ယုံကြည်ကြိုးပမ်းကြသော အင်အားစုအားလုံးနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *