အာဆီယံ အစည်းအဝေးအတွက် CRPH ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့ ဥရောပလွှတ်တော်ရဲ့အာဆီယံဆိုင်ရာဥက္ကဋ္ဌ တောင်းဆို

(AIPA)အစည်းအဝေးကို မြန်မာနိုင်ငံက ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်နိုင်ရေး ဖိတ်ကြားဖို့ ဥရောပလွှတ်တော်ရဲ့ အာဆီယံဆိုင်ရာဥက္ကဋ္ဌ Daniel Caspary က တောင်းဆိုလိုက်ပါတယ်။

အစည်းအဝေးကို CRPH ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ အကြောင်းကြားခဲ့ပေမဲ့ တက်ရောက်ခွင့် ရှိ၊မရှိ အကြောင်းမပြန်ဘဲ ရွေးကောက်ခံမဟုတ်တဲ့စစ်ကောင်စီကိုယ်စားပြုပုဂ္ဂိုလ်တစ်ဦးကိုသာ AIPA ဘက်က တက်ရောက်ခွင့် အတည်ပြုခဲ့တာကို ပြင်းပြင်းထန်ထန်ရှုတ်ချတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း အစောပိုင်းမှာ ပြောထားပါတယ်။

အာဆီယံလွှတ်တော်တွေ တွေ့ကြတဲ့ အဲဒီအစည်းအဝေးကို CRPH ကိုယ်စားလှယ်တွေကို မဖိတ်ကြားတာကိုလည်း သူ့အနေနဲ့ အံ့သြတုန်လှုပ်မိတယ်လို့ သူက ပြောပါတယ်။

ဒ့ါပြင် ဥရောပလွှတ်တော်ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးရှုတ်ချမှု ဘယ်တုန်းကမှ လျော့မသွားသလို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့၊ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ အကျဉ်းသားတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့လည်း သူကပြောပါတယ်။

အာဆီယံပါလီမန်များညီလာခံဟာ အာဆီယံလွှတ်တော်တွေအတွက် အမြင့်ဆုံးလွှတ်တော် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၄၂ ကြိမ်မြောက် အဲဒီညီလာခံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ ဥပဒေပြုကောင်စီဥက္ကဋ္ဌက ဦးဆောင်ပြုလုပ်မှာဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *