သေဆုံးသွားတဲ့ ​ခွေး​လေး အတွက် စစ်​ကောင်စီကို လက်စား​ချေဖို့ အမှု တခု ထပ်တိုးလာပြီလို့ ​ဒေါသ​ပေါက်ကွဲစွာ ဆိုတဲ့ မင်း​မော်ကွန်း။

၂၀၂၁ခုနှစ်၊သြဂုတ်၂၃ရက်။

အကယ်ဒမီ မင်သား :” မင်း​​မော်ကွန်း”ဟာ စစ်​ကောင်စီကို ​တော်လှန်မှု​ကြောင့် ယခုအခါ လွတ်​မြောက်​နယ်​မြေသို့ မိသားစု ၃ဦး အတူတကွ တိမ်း​ရှောင်​နေရတာပဲဖြစ်ပါတယ်။ ယခုလို ​တိမ်း​ရှောင်ခဲ့ရာမှာ သူ့ရဲ့ အချစ်​တော် ​ခွေး​လေး မာယာလည်း ပါဝင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ မ​နေ့က သြဂုတ်၂၂ရက်ညမှာ “မင်း​မော်ကွန်း”၏ ​ခွေးက​လေး ‘မာယာ’ဟာ ကြမ်းတမ်းလှတဲ့ ​တော​တောင်ထဲမှာ ​သေဆုံးသွားခဲ့ရပြီ ဖြစ်လို့ ​ယခုလို ဒေါသ​ပေါက်ကွဲ​နေခြင်းပဲဖြစ်ပါတယ်။ ဒါရိုက်တာ ကို​ပေါက်က လည်း ​ခွေး​လေး မာယာအတွက် ကဗျာ​လေး တပုဒ် ​ရေးဖွဲ့ ခဲ့ပါတယ်။

မာယာတေးသွား

မြူတွေဝေတဲ့ လပြည့်ဝါခေါင်ရဲ့ဝေလီဝေလင်းမှာမင်းနဲ့ဆုံမယ်မှန်းမသိခဲ့ဘူးလေ၊

ခရီးတွေကမိုင်ချီတော့မင်းကလေးလိုက်နိုင်ပါ့မလားလို့ စိတ်ပူတယ်၊အန္တရာယ်တွေက လက်တကမ်းမှာကြိုကြိုစောင့်နေတော့မင်းပန်းမှားလည်းစိုးတယ်၊

မင်းရဲ့ပင့်သက်ရှိုက်သံတွေကြားမောမောပန်းပန်းပြေးကြရတော့မင်းအဆင်ပြေပါ့မလားလဲ စိတ်ပူတယ်၊တော်လှန်ရေးမှာခဏတွေ့ရပေမယ့်တသက်မမေ့အောင်လုပ်ရက်တယ် မာယာ၊

မင်းလေးရဲ့မျက်ဝန်းတွေကတောက်ပရက်တယ်ဆုံသူတ်ိုင်းက မင်းကိုပဲအရုဏ်စွဲလို့
အခက်အခဲတစ်ချို့လည်းမင်းမျက်ဝန်းကြောင့်ကျော်ခဲ့တယ်၊

ပန်းတိုင်ရောက်ခါနီးမှထားရက်ခဲ့တာလား မာယာ၊လေပြည်တိုက်တိုင်းဟိုဘက်ကမ်းက ဖားစည်သံတွေမင်းလေးကြားပါစေ၊

မာယာရေဒေါနတောင်တန်းနဲ့သံလွင်မြစ်ကြီးကမင်းလေးရဲ့ ပင့်သက်ရှိုက်သံတွေကို
မာယာတေးသွားတစ်ပုဒ်လို
အကြိမ်ကြိမ်ဆိုညည်းနေအုံးမှာ…..

ကိုပေါက်
၂၂.၈.၂၀၂၁

(တော်လှန်ရေးခရီးတစ်ထောက်မှ တရက်တာပဲတွေ့လိုက်ရပြီးအခက်အခဲတွေအတူတူကျော်ဖြတ်ရင်း ကျဆုံးသွားတဲ့ မာယာအတွက် အမှတ်တရ)

တိရိစ္ဆာန်​လေး​တွေကို ချစ်မြတ်နိုးသူတ​ယောက် ဖြစ်သည်မို့ ယခုကဲ့သို့ ​​စစ်​ခေါင်း​ဆောင်အ​ပေါ် ဒေါသ​ပေါက်ကွဲခဲ့တာပဲဖြစ်ပါတယ်။ ​​ကျည်ဆံအစစ်၊လက်နက်အစစ်ဖြင့် လက်စား​ခြေဖို့ ပြန်လာမည်ဟု ပြည်သူချစ်တဲ့ မင်းသား တ​ယောက်က ယခုလို ​ကြွေး​​​ကျော်ခဲ့ ခြင်းလည်း ဖြစ်ပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *