ဒေါ်လာ ထရီလီယံတန်ဖိုးရှိတဲ့ သတ္ထုသိုက်တွေပေါ်ပါ ဖင်ခုထိုင်နိုင်ခဲ့တဲ့ တာလီဘန်များ

အာဖဂန်ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တဲ့ တာလီဘန်တွေဟာ ထရီလီယံနဲ့ချီကာ တန်ဖိုးရှိတဲ့ သတ္ထုတွင်းတွေကိုပါ သူတိုလက်ထဲ ဆုပ်ကိုင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ခန့်မှန်းတန်ဖိုး ဒေါ်လာ တစ်ထရီလီယံအထိရှိမယ်လို ယုံကြည်ရတဲ့ မတူးဖော်ရသေးတဲ့ သတ္ထုတွင်းအများအပြားက အာဖဂန်မှာရှိနေတာဖြစ်ပြီး တာလီဘန်တိုအတွက်တော့ ရတနာသိုက်ကြီးတစ်ခုဖြစ်လာခဲ့ပါသည်။

ဒါပေမယ့်လည်း ကျွမ်းကျင်သူတွေကတော့ နိုင်ငံရေးအခြေအနေတည်ငြိမ်ပြီး ဥပဒေအရလည်း အတည်တကျဖြစ်မှသာ တူးဖော်နိုင်မှာဖြစ်လို လက်ရှိမှာတော့ ဒီသတ္ထုတွင်းတွေကို စီမံခန့်ခွဲဖိုက မလွယ်ကူလှဘူးလို သုံးသပ်နေကြပါတယ်။ AFP သတင်းဌာနကတော့ အာဖဂန်ကို ငွေကြေးထောက်ပံပေးနေတဲ့ အဓိကအဖွဲအစည်းတွေဟာ တာလီဘန်တို အာဏာရခဲ့ပြီးနောက် ကူညီပေးနေမှုတွေကို ရပ်ဆိုင်းလိုက်လို တာလီဘန်တို အခက်တွေ့နေတယ်လို ဖော်ပြခဲ့ပါသည်။

US Geological Survey (USGS) ရဲ့ အစီရင်ခံစာတွေအရဆိုရင် အာဖဂန်မှာ ဓာတ်သတ္ထုအရင်းအမြစ်တွေအဖြစ် ကြေးနီ၊ သံရိုင်း၊ လစ်သီယမ်နဲ့ ရှားပါးမြေတွေ ပါဝင်နေတယ်လို သိရပါတယ်။ ဒီနှစ်မှာဆိုရင် ကြေးနီတစ်တန်ရဲ့ တန်ဖိုးဟာ ဒေါ်လာတစ်သောင်းအထိ စျေးကွက်ပေါက်စျေးရှိနေပြီး လျှပ်စစ်ဓာတ်အားကြိုးတွေပြုလုပ်ရာမှာ အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုနေရတာဖြစ်ပါသည်။

လစ်သီယမ်ကလည်း ကားဘတ္ထရီ၊ ဆိုလာပြား၊ လေတိုက်စိုက်ခင်းတွေပြုလုပ်ရာမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေပါတယ်။ နိုင်ငံတကာစွမ်းအင်အေ၈ျင်စီရဲ့ ခန့်မှန်းချက်အရ လစ်သီယမ်အတွက် ကမ္ဘာ့ဝယ်လိုအားဟာ ၂၀၂၄၀ ပြည့်နှစ်မှာ အဆပေါင်း၄၀ အထိ မြင့်မားလာမယ်လို သိရပြီး ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်တွေ လိုအပ်မှုအတွက် အရေးပါတဲ့အရာလည်းဖြစ်ပါတသည်။

သန့်ရှင်းစွမ်းအင်ကဏ္ဍမှာ အရေးပါတဲ့ ရှားပါးမြေတွေ တည်ရှိနေပြီး Neodymium, praseodymium နဲ့ dysprosium တို ပါဝင်တဲ့ မြေအမျိုးအစားဖြစ်ပါတယ်။ အလှကုန်ပစ္စည်းတွေမှာ အသုံးပြုလေ့ရှိတဲ့ talc ၊ စကျင်ကျောက်၊ မီးသွေး၊ သံတိုလို သတ္ထုတွေရှိရာနေရာလည်း ကြွယ်ဝပြိး မြ၊ ပတ္တမြားတိုလို အဖိုးတန်ကျောက်မျက်ရတနာတွေကို ကောင်းကောင်းတူးဖော်နိုင်တဲ့ မြေနေရာတွေလည်း ရှိနေတယ်လို သိရပါသည်။

တူးဖော်ခြင်းမပြုရသေးတဲ့ သတ္ထုတွေရဲ့ တန်ဖိုးစုစုပေါင်းဟာ ဒေါ်လာတစ်ထရီလီယံရှိမယ်လို USGS က ခန့်မှန်းထားပြီး အာဖဂန်အရာရှိတွေကတော့ အဲဒီပမာဏထက် ၃ ဆအထိရှိလိမ့်မယ်လို ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Pitron က “ဒီအတွက်ဆိုရင် အရမ်းတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေ၊ တရားဥပဒေစိုးမိုးဖိုလိုအပ်ပါလိမ့်မယ်၊ အဲဒီလိုအရာတွေမရှိတဲ့နိုင်ငံမှာ ဘယ်ကုမ္ပဏီကမှ မရင်းနှီးပါဘူး” လို AFP ကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သတ္ထုသိုက်ရှာဖွေခြင်း နဲ့ တူးဖော်ခြင်းလုပ်ငန်းတွေကို စတင်မယ်ဆိုရင်တောင်မှ နှစ်ပေါင်း ၂၀ ခန့် ကြာမြင့်နိုင်တယ်လို သူက ခန့်မှန်းထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *