နေ့စားလပေးစနစ်ဖြင့်ခန့်ထားသူများသင်ရိုးသစ် သင်ကြားမှုတွင်အခက်အခဲရှိနိုင်

ရန်ကုန် မေ ၁၇

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင်ပါ၀င်နေသော အခြေခံပညာဆရာ ဆရာမများနေရာတွင်နေ့စားလပေးစနစ်ဖြင့် ဆရာဆရာမများ အစားထိုးခန့်ထားရန် စစ်ကောင်စီက စီစဉ်နေသော်လည်း သင်ရိုးသစ်ဖြင့်သင်ကြားသည့်အတန်းများတွင်အခက်အခဲရှိနိုင်ကြောင်း CDM ဆရာမအချို့ကပြောသည်

ကိုယ်တွေလည်း ပုံနှိပ်စာအုပ်ထဲက ဟာကိုဖြေရတဲ့ဟာနဲ့ပဲ ကြီးလာတာပါပဲ ။ဒါပေမယ့် သင်ရိုးသစ်ပြောင်းတဲ့အခါမှာ သင်ရိုးသစ်ကို ပြောင်းပြီး သင်နိုင်တဲ့ ဆရာမရှားတယ် သင်တန်းတက်ထားတဲ့ ဆရာ၊ ဆရာမ‌တွေကိုယ်တိုင်သင်ရိုးသစ်ကို မီအောင်သင်ကြားနိုင်‌ဖို့ မနည်းကြိုးစားနေရတာဟု  CDM ဆရာမတစ်ဦးကပြောသည်

ရန်ကုန်တိုင်းအပါအ၀င် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ CDM ဆရာ၊ ဆရာမများ၏ လစ်လပ်နေရာများတွင် နေ့စားလပေးစနစ်ဖြင်အစားထိုး ခန့်အပ်ရန်နှင့်လိုအပ်သောစောင့်ရှောက်မှုများဆောင်ရွက်ထားရန် စစ်ကောင်စီက တိုင်းနှင့်ပြည်နယ် ပညာရေးမှူးရုံးများသို့ညွှန်ကြားထားသည်

ယခင် ၂၀၂၀၂၁ ပညာသင်နှစ်တွင် အထက် တန်း အဆင့်အတန်းများကို ကျောင်းတစ်လကျော်ဖွင့်ခဲ့စဉ်က ဒသမတန်း (Grade -10)ကိုသင်ရိုးသစ်ပြောင်းလဲသင်ကြားခဲ့ပြီး စတုတ္တတန်း (Grade-4)နှင့် သတ္တမတန်း (Grade 7)တို့ကိုသင်ရိုးသစ်ပြောင်းလဲသင်ကြားရန်စီစဉ်ခဲ့သည်

သို့ရာတွင် ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းများမဖွင့်နိုင်ခဲ့ပေ လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီသည်ဇူလိုင်လအတွင်းကျောင်းများဖွင့်ရန်ပြင်ဆင်နေရာ သင်ရိုးသစ်ဖြင့််သင်ကြားမည့်အတန်းများလည်းပါ၀င်နေသည်

ကောလိပ်ကျောင်းဆင်းတွေကလည်း ဒီသင်ရိုးသစ်ကိုအခြေခံပြီးသင်လိုက်တာမဟုတ်ဘူး သူတို့က train ခံထားရတဲ့သူမဟုတ်ဘူး  သူတို့ကအဲ့လိုသင်ပေးနိုင်ရင်တော့ကောင်းတယ်  ဟု  နေ့စားလပေးစနစ်ဖြင့် ခန့်အပ်သည့်သူများနှင့်ပတ်သက်၍ CDM ဆရာ၊ ဆရာမ တချို့က မှတ်ချက်ပြုသည်

ဆရာဆရာမတစ်ဦးဖြစ်ရန် နာသုံးနာနှင့်ပြည့်စုံရန်လိုကြောင်း ဝါသနာမပါဘဲ အလုပ်လိုချင်ရုံသက်သက်ဆိုလျှင်အဆင်မပြေနိုင်ကြောင်း ၎င်းတို့ကပြောသည်

CDM တွင်ပါ၀င်နေသည့် ဆရာ၊ ဆရာမများအား စစ်ကောင်စီက တာ၀န်မှရပ်ဆိုင်းသည့်ကြေညာ ချက်များကိုမေလ ဒုတိယအပတ်မှစ၍ ဆက်တိုက် ထုတ်ပြန်လျက်ရှိရာ  ရန်ကုန်တိုင်းတစ်ခုတည်းတွင်ပင် ဆရာ၊ ဆရာမ တစ်သောင်းကျော် တာ၀န်မှရပ်ဆိုင်းခံထားရသည်

zawgyi/

နေ့စားလပေးစနစ်ဖြင့်ခန့်ထားသူများ

သင်ရိုးသစ် သင်ကြားမှုတွင်အခက်အခဲရှိနိုင်

Leave a Reply

Your email address will not be published. Required fields are marked *