- Unicode:
NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာထံ ပို့ကြတဲ့အီးမေးလ်တွေထဲမှာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ Video file ပေါင်း ၃သိန်းကျော်ပါရှိတယ်လို့ဆိုထားပါသည်။
နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့် အကြောင်းနဲ့ပတ်သက်ပြီး ဒေါက်တာဆာဆာနဲ့ DVB Tv တို့ ဆွေးနွေးမေးမြန်းခန်းမှာ ဒေါက်တာဆာဆာက ပြောခဲ့တာပါ။
“ကျွန်တော့်ဆီကို ပို့လာတဲ့ သိန်းနဲ့ ချီနေတဲ့ အီးမေးလ်တွေထဲမှာ အီးမေးလ်ပေါင်း ( ၃) သိန်းကျော်က ရာဇဝတ်မှုတွေကိုကျူးလွန်ထားတဲ့ Video file တွေ ပါတဲ့ အီးမေးလ်တွေ ဖြစ်တယ်”လို့ဒေါက်တာဆာဆာက ပြောပါသည်။
အဲဒီ အထဲက အမှုပေါင်း ၅၀၀ နီးပါးကို ICC ကိုတင်နိုင်ဖို့အတွက် နိုင်ငံတကာလူ့အခွင့်အရေး ရှေ့နေတွေနဲ့ ဆွေးနွေးနေတယ်လို့သိရပါတယ်။
ဒီ့အပြင် IIMM ( Independent Investigative Mechanism for Myanmar) နဲ့လည်း NUG က ငှားထားတဲ့ ရှေ့နေတွေနဲ့ ဆွေးနွေးနေတာဟာ ဘယ်သူအပေါ်မှာပဲဖြစ်ဖြစ် အာဏာရှင်တွေက ကျူးလွန်ခဲ့တဲ့ အပြစ်တွေ ရှိခဲ့ရင် ဘယ်အမှုကိုမှ ချန်ထားခဲ့မှာ မဟုတ်ဘူးဆိုတဲ့အဓိပ္ပါယ် ဖြစ်ပါတယ်လို့လည်းဆိုထားပါတယ်။
Zawgyicode:
ဒေါက်တာဆာဆာဆီ ပို့တဲ့ အီးမေးလ်တွေထဲမှာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ Video file ပေါင်း ၃သိန်းကျော်ရှိနေ
NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာထံ ပို့ကြတဲ့အီးမေးလ်တွေထဲမှာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ Video file ပေါင်း ၃သိန်းကျော်ပါရှိတယ်လို့ဆိုထားပါတယ်။
နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့် အကြောင်းနဲ့ပတ်သက်ပြီး ဒေါက်တာဆာဆာနဲ့ DVB Tv တို့ ဆွေးနွေးမေးမြန်းခန်းမှာ ဒေါက်တာဆာဆာက ပြောခဲ့တာပါ။
“ကျွန်တော့်ဆီကို ပို့လာတဲ့ သိန်းနဲ့ ချီနေတဲ့ အီးမေးလ်တွေထဲမှာ အီးမေးလ်ပေါင်း ( ၃) သိန်းကျော်က ရာဇဝတ်မှုတွေကိုကျူးလွန်ထားတဲ့ Video file တွေ ပါတဲ့ အီးမေးလ်တွေ ဖြစ်တယ်”လို့ဒေါက်တာဆာဆာက ပြောပါသည်။
အဲဒီ အထဲက အမှုပေါင်း ၅၀၀ နီးပါးကို ICC ကိုတင်နိုင်ဖို့အတွက် နိုင်ငံတကာလူ့အခွင့်အရေး ရှေ့နေတွေနဲ့ ဆွေးနွေးနေတယ်လို့သိရပါတယ်။
ဒီ့အပြင် IIMM ( Independent Investigative Mechanism for Myanmar) နဲ့လည်း NUG က ငှားထားတဲ့ ရှေ့နေတွေနဲ့ ဆွေးနွေးနေတာဟာ ဘယ်သူအပေါ်မှာပဲဖြစ်ဖြစ် အာဏာရှင်တွေက ကျူးလွန်ခဲ့တဲ့ အပြစ်တွေ ရှိခဲ့ရင် ဘယ်အမှုကိုမှ ချန်ထားခဲ့မှာ မဟုတ်ဘူးဆိုတဲ့အဓိပ္ပါယ် ဖြစ်ပါတယ်လို့လည်းဆိုထားပါသည်။