တံတားပေါ်က ယုန်လေး Video File ကြောင့် နစက ရဲတပ်ဖွဲ့ဝင်များက တကယ်ထင်ပြီး လိုက်လံရှာဖွေနေ

 

ကမာရွတ် ၊၅ရပ်ကွက် ဖြစ်စဥ်အကျဥ်း

ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်တွင် ကြည့်မြင်တိုင်ကမ်းနားလမ်းမကြီးဘက်မှ ကားတန်း ၁၃စီး (စစ်Dc၁၀စီး၊ ရဲ Dc ၂စီး၊ probox ၁စီး) ၅ရပ်ကွက်၊ ဘုရားလမ်းထဲသို့ ရောက်ချလာခဲ့သည်။ ထို့နောက် လမ်းတလျှောက် အင်အားများဖြန့်ကျက်ချထားပြီး ဆရာစံလမ်းနဲ့ ဘုရားလမ်းထောင့်ရှိ ရွှေလာဘ်လက်ဖက်ရည်ဆိုင်ရှိရာ တိုက်ကို တက်သွားခဲ့သည်။ တိုက်ခေါ်မိုးပေါ်က ရေတိုင်ကီတွေကိုဝင်စစ်၊ အမိုးပေါ်ကနေ မှန်ဘီလူးနဲ့ကြည့်၊ Sinperနဲ့ချိန်ထားခြင်း၊ တိုက်ရဲ့ အခန်းတစ်ချို့ကိုလည်း ဖျက်ဝင်ကာ ဝင်ရောက်စစ်ဆေးခြင်းများ စသည်တို့ကိုပြုလုပ်ခဲ့ကြသည်။

မိနစ်၂၀အကြာတွင် ရဲများတိုက်ပေါ်မှ အရင်ဆင်းလာကာ ချိတ်တစ်ချို့နဲ့ ဖော့ဖျာလေးကို သယ်သွားပြီး ရပ်ကွက်ကိုပတ်ကာ အရင်ပြန်ထွက်သွားခဲ့ကြပါတယ်။ ဆက်လက်ပြီး DCကားတန်းက ဘုရားလမ်းမှတစ်ဆင့် ဘုရင့်နောင်လမ်းမဘက်ကို မောင်းထွက်သွားခဲ့ပါသည်။

ရဲပွိုင့်ကား၁စီး အဲ့နားမှာကျန်နေခဲ့ပြီး Gymဆိုင်၏ သော့ကို ဖွင့်ဖို့ကြိုးစားခဲ့ကြောင်း၊ အနီးအနားရှိလူများအား မေးမြန်းခြင်းများ ရှိခဲ့ပြီး ညနေ ၅နာရီစွန်းစွန်းတွင် ထွက်သွားကြောင်း မျက်္မြင်တွေ့ရှိသူများမှ ဆိုပါသည်။

ယခုလိုဝင်မလာခင် ရက်ကတည်းက မျက်နှာ စိမ်းအရပ်ဝတ်တစ်ချို့ကို အဲ့နားတဝိုက်တွေ့ရှိရကြောင်း၊ အဖမ်းခံလိုက်ရသူမရှိကြောင်း အတည်ပြုထားပါသည်။

ယခုလို ၅ရပ်ကွက်ကို ဝင်ရောက်ရှာဖွေခြင်းသည် ၃ကြိမ်တိုင်ရှိပြီဖြစ်ပြီး ပထမအကြိမ်ဝင်ရောက်ခြင်းတွင် အဖမ်းခံသူ ၄ယောက်သည်လည်း ယခုထက်ထိပြန်လည်လွတ်မြောက်ခြင်း မရှိသေးပေ။

ယခုရက်ပိုင်းတွင် ကမာရွတ်မြို့နယ်တွင် ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများ စသည့် ဖိနှိပ်မှုများ ပိုမိုများပြားလာခြင်းကြောင်း သွားသတိ၊ လာသတိနဲ့ နေကြဖို့ အသိပေးအပ်ပါသည်။

Leave a Reply

Your email address will not be published.