နိုင်ငံရေး လုပ်၍ မိဘများရဲ့ သမီးအဖြစ်မှ အမွေဖြတ် လိုက်ခြင်း ခံရသူ တော်လှန်ရေး အမျိုးသမီးတဦး။
၂၀၂၁ခုနှစ်သြဂုတ်၁၇ရက်။
ဖေဖော်ဝါရီ၁ရက်နေ့မှ စ၍ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာဏာထိန်းချုပ်မှုစနစ် အောက် ရောက်ရှိသွားသော မြန်မာ နိုင်ငံတွင် စစ်အာဏာရှင် စနစ်ကို အပြီးတိုင် ဆန့်ကျင်တော်လှန်ကြသော လူငယ်များစွာ ထွက်ပေါ်လာသည့်အနက် မန္တလေးမြို့မှ မအိပြည့်စုံ လည်း ပါဝင်ခဲ့ပါသည်။
ယခုအခါ ၎င်း၏ မိဘများက နိုင်ငံရေး လုပ်၍ မိဘများကို စိတ်ဆင်းရဲအောင် လုပ်သည်ဟု ဆိုကာ သမီး အဖြစ်မှ အမွေပြတ် စွန့်လွတ် ကြောင်းကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာမှ တဆင့် ထည့်သွင်း ကြေငြာခဲ့သည်ကို မအိပြည်စုံထံ မှ တဆင့် သိရှိခဲ့ရခြင်း ဖြစ်ပါသည်။
မိဘများ ယခုလို ပြုလုပ်ရခြင်းသည် စစ်ကောင်စီမှ မိသားစုဝင်များထံ အန္တရာယ်ပြုလာမည်ကို စိုးရိမ်သည့် အတွက်ကြောင်းလား၊ သို့မဟုတ် သမီး ဖြစ်သူ က တော်လှန်ရေး လုပ်သည်ကို မကြိုက်နှစ်သက်သည့်အတွက်ကြောင့်လား ဆိုသည်ကို တော့ မသိရှိရပေ။
“”ကျနော်မှာလည်း ကိုယ့်အပူနဲ့ကိုယ်ဘေးလူကို မီးမကူးရအောင်တိတ်တိတ်လေးငြှိမ်းနေခဲ့တာ။လျှောက်ခဲ့တဲ့လမ်း လိပ်ပြာလုံစွာဖြတ်သန်းချင်တာမို့နားလည်မပေးနိုင်တဲ့ မိဘဆွေမျိုးတွေကိုလည်း အပြစ်မပြောရက်ပါဘူး ။ဒီချိန်ထိ ပင်ပန်းတဲ့ အလုပ်ဆို ဘယ်လိုအလုပ်မျိုးကိုမှ မခိုင်းဘဲ ပျိုးထောင်ပေးခဲ့တာကိုပဲ ကျေးဇူးတင်ပါတယ်။ရှေ့လျှောက် အကြောတင်းစွာဖြတ်သန်းပါ့မယ်။
အမွေဖြတ်ရတဲ့ အကြောင်းရင်းက နိုင်ငံရေးလုပ်လို့တဲ့လား။အရေးတော်ပုံမအောင်မခြင်းရှေ့ဆက်နေဦးမှာပါ””လို့ မအိပြည့်စုံက သူ၏ လူမှုကွန်ယက်Facebookမှ နေ၍ ပြောခဲ့ပါသည်။
“”ကိုယ်ယုံကြည်ရာ ကိုလျောက်လမ်းရင်း ကျွန်မလို အိမ်နဲ့ ဝေးကွာခဲ့သူအများကြီးရှိမှာပါ။ နိုင်ငံ ကြီးက မသမာသူတွေ လက်ထဲရောက်ရှိနေတာမို့ အားလုံးက ဝိုင်းဝန်းကြိုးပမ်းမှ ရမှာပါ””လို့ မအိပြည့်စုံ က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၆လတာကာလအတွင်း အာဏာရှင်စနစ်ကို ဆန့်ကျင့်သော ဆန္ဒပြလူငယ်ပေါင်း များစွာကို စစ်ကောင်စီမှ အသေသတ်ခြင်း၊ဖမ်းဆီး သတ်ဖြတ် နှိတ်စက်ခြင်း၊ ထောင်သွင်း အကျဥ်းချထားခြင်းကိစ္စရပ်များလည်း များစွာ ရှိခဲ့ပြီး ဖြစ်ပါသည်။