ရန်ကုန်၊ သြဂုတ် (၉)
Covid-19 ရောဂါက ကမ္ဘာပေါ်မှာ ရေရှည်ဖြစ်ပွားနေတဲ့ ရောဂါဖြစ်တဲ့အတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
လက်ရှိမှာ ပြည်ပနိုင်ငံတွေကမှာယူထားတဲ့ Covid-19 ကာကွယ်ဆေးတချို့ပြည်တွင်းကို ရောက်ရှိနေပြီဖြစ်သလို ပြည်သူတွေကို ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဒီနေ့မှာပြုလုပ်ခဲ့တဲ့ ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် မနေ့ညပိုင်းကလည်း တရုတ်နိုင်ငံက မှာယူထားတဲ့ Sinovac ကိုဗစ်ကာကွယ်ဆေး (၁) သန်း ထပ်မံရောက်ရှိခဲ့ပါတယ်။
Zawgyi
ကိုဗစ်ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို ပြည်တွင်းမှာထုတ်လုပ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော