ATM တွင်ငွေတိုးကြိတ်ထုတ်နေသူများ အစိုးရကို စိတ်အနှောင့်အယှက် လုပ်နေသူများဖြစ် ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌပြောဆို

ATM တွင်ငွေတိုးကြိတ်ထုတ်နေသူများ အစိုးရကို အနှောင့်အယှက် လုပ်နေသူများဖြစ်၊ ဘဏ်များတွင် တစ်ပတ်အတွင်း အပ်နှံငွေ ကျပ်ဘီလီယံ ၂၀၀ ရှိလာဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောဆိုမှု လိမ်လည်ခြင်းဟု ဘဏ်အသိုင်းအဝိုင်းပြော၊

အကြမ်းဖက်လူသတ်ဖက်ဆစ် စစ်ကောင်စီက ခန့်အပ်ထားသော ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ATM စက်များတွင် ပြည်သူများ ငွေတိုးကြိတ်ထုတ်နေမှုသည် အစိုးရကို အနှောင့် အယှက်ဖြစ်စေရန် လုပ်ဆောင်နေသူများဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ATM စက်မှာ လူတွေဘာလို့ ပုံနေရလဲဆိုရင် ပုံမှန်မဟုတ်သော အခြေအနေ နိုင်ငံရေးပြောင်းလဲ မှု အခြေအနေမှာအခြားပယောဂတွေပါပြီးတော့ ကိုယ်လိုလို့ ငွေထုတ်တာထက် အနှောင့်အယှက်ဖြစ်အောင် ထုတ်တဲ့သဘောမျိုးတွေဟု ၎င်းက ဆိုသည်။ အကြမ်းဖက်လူသတ်ဖက်ဆစ် စစ်ကောင်စီက ခန့်အပ်ထားသော ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြီးခဲ့သည့်အပတ်အတွင်း အပ်နှံငွေ ကျပ်ငွေ ဘီလီယံ ၂၀၀ ရှိလာကြောင်း ယနေ့ ကျင်းပသည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုမှုသည် လိမ်လည်မှု သက်သက်သာ ဖြစ် ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းက ပြောဆိုလိုက်သည်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောသွားတဲ့ ပြီးခဲ့တဲ့ အပတ်မှာ ဘဏ်တွေကိုလာအပ်တာကျပ်ငွေ ဘီလီယံ ၂၀၀ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ဘဏ်တွေ ဘယ်လောက် ရုန်းကန်နေရတယ်ဆိုတာကျနော်တို့ အသိဆုံးပါ။ ပြောချင်တာက သူက အဲလို ထွက်ပြောလေ လူတွေက မယုံကြည်ပြီး ငွေလာ ထုတ်လေလေ ဖြစ်တော့ အဲဒီလို အလိမ်အညာတွေ ဖီးလုံး လိမ့်လုံးတွေက အခြေအနေကို ပိုဆိုးစေပါတယ်။ အလုပ်မဖြစ်တဲ့အလိမ်အညာတွေ ပြောနေတာက တကယ့်ပြဿနာပါ။ ဘဏ်မှာ ငွေအပ်သူက မရှိဘူး။ထုတ်မယ့်သူတွေပဲ တိုးဝှေ့နေတာပါ ပြီးခဲ့တဲ့တစ်ပတ်လုံးဟု ပုဂ္ဂလိကဘဏ်ကြီးတစ်ခုမှ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

AGD ဘဏ်မှ မန်နေဂျာတစ်ဦးကလည်း ပြီးခဲ့သည့် တစ်ပတ်လုံး AGD ဘဏ်တွင် ငွေထုတ်သူများ များပြားလွန်း၍တစ်ပတ်လျှင် လူတစ်ဦး ငွေကျပ် သိန်းသာ ထုတ်ပေးရန် ကြေညာချက် ထုတ်ပြန်ရကြောင်း ပြောဆိုသည်။စာအုပ်က ထုတ်ထုတ်၊ ATM က ထုတ်ထုတ် တစ်ပတ်ကို သိန်းပဲ ပေးနိုင်ပါတော့တယ်။ ကျမတို့ဘဏ်မှာတော့ငွေအပ်သူ လုံးဝ မရှိပါဘူး။ တစ်နေ့ တစ်နေ့ ATM နဲ့ဘဏ်ရှေ့မှာ ငွေထုတ်မယ့်သူတွေ တိုးနေတယ်။ တိုကင်ပြည့်တာနဲ့ ငွေထုတ်ပေးပြီးတာနဲ့ ဘဏ်လည်း ပိတ်လိုက်ရတာပဲ။ ဒါနဲ့ပဲ လည်နေတာဟု AGD ဘဏ်မန်နေဂျာကဆိုသည်။

AYA ဘဏ်မှ ဒုမန်နေဂျာတစ်ဦးကလည်း ပုဂ္ဂလိဘဏ်ဝန်ထမ်းများအကြား လာမည့် လများတွင် လစာတစ်ဝက်သာရနိုင်မည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း၊ ဘဏ်များတွင် ကျပ်ငွေ မရှိသည့်ပြဿနာနှင့်ဘဏ်လုပ်ငန်းဆိုင်ရာ အများစု ရပ်ဆိုင်းနေသည်ဟု ဆိုသည်။ဝန်ထမ်းတွေတောင် လစာတစ်ဝက်ပဲရမယ်ဆိုပြီး သတင်းတွေကြားနေရတယ်။ ဗုံးခွဲမယ် အပြင်မထွက်နဲ့ဆိုတဲ့ သတင်းတွေ ကြောင့် ဘဏ်တွေက နောက်ကျဖွင့်၊စောစောပိတ်စောစောပြန် အဲလိုတွေဖြစ်နေတယ်။ ဘဏ်ဝန်ထမ်းတောင် လစာရပါ့မလားဆိုတာစိုးရိမ်နေရတယ်ဟု ၎င်းကဆိုသည်။

လက်ရှိအခြေအနေတွင် တိုင်းပြည်၏ ဘဏ်နှင့်စီးပွားရေးအခြေအနေကို တည့်မတ်အောင် ဗဟိုဘဏ်အနေဖြင့်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပြည်သူကို အပြစ်တင်နေခြင်းသည် မယုံကြည်မှုကို ပိုမိုကြီးထွားစေကြောင်း၊ အမိန့်နှင့်လက်နက်အာဏာသည် စီးပွားရေးနှင့် လူထု၏ စိုးရိမ်မှုကို ထိန်းချုပ်မရနိုင်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းမှ ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *