တရုတ်ရဲအရာရှိတစ်ဦးရဲ့ သမီးဖြစ်နေလို့ ကျောင်းသူတစ်ဦးရဲ့ ဗီဇာကို ငြင်းပယ်ခဲ့တဲ့ အမေရိကန်

အမေရိကန်မှာ ပညာသင်ကြားဖို့အတွက် ဗီဇာလျှောက်ခဲ့တဲ့ တရုတ်ကျောင်းသူတစ်ဦးဟာ ပယ်ချခံလိုက်ရတယ်လို့အမေရိကန်သံရုံးက ပြောဆိုခဲ့ပါတယ်။

အဆိုပါကျောင်းသူရဲ့ ဖခင်ဖြစ်သူဟာ ရဲတွေအတွက် အလုပ်လုပ်ပေးနေသူဖြစ်တာကြောင့် ပယ်ချခဲ့တာဖြစ်တယ်လို့လည်း အကြောင်းပြချက်ပေးခဲ့ပြီး ဒီကိစ္စကို ပညာရေးကုမ္ပဏီဘက်ကနေ ဖြေရှင်းပေးနေတယ်လို့ South China Morning Post က ဖော်ပြခဲ့ပါတယ်။

ကျောင်းသားဘက်ကို ပြန်လည်ပေးပို့ခဲ့တဲ့ အကြောင်းကြားစာမှာ ထောက်လှမ်းရေးရဲ့ တရားဥပဒေစိုးမိုးရေးဌာနလေးခုက အကြီးတန်းအရာရှိတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ဗီဇာထုတ်ပေးခြင်းကလည်း ဆိုင်းငံ့ထားကြောင်းပါဝင်တယ်လို့ ဆိုပါတယ်။ ပညာရေးကုမ္ပဏီဘက်ကတော့ ကျောင်းသူရဲ့ ဖခင်ဟာ အငယ်တန်းအရာရှိတစ်ဦးသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘေဂျင်းမှာရှိတဲ့ အမေရိကန်သံရုံးဟာ ကုမ္ပဏီဘက်ကတောင်းဆိုမှုအပေါ် တုံ့ပြန်မှုမပြုလုပ်ခဲ့ဘူးလို့သိရပါတယ်။ဒါပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ြောရေးဆိုခွင့်ရအမျိုးသမီး Hua Chunying ကနှစ်နိုင်ငံကြားအမှုထမ်းတွေပုံမှန်လဲလှယ်နေမှုတွေကို နိုင်ငံရေးအကြောင်းပြချက်နဲ့ အမေရိကန်ဘက်က အနှောင့်အယှက်ဖြစ်စေချင်နေမှုကို ပြသခဲ့တဲ့ သက်သေကောင်းဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပြီး တရုတ်အမေရိကန်ဆက်ဆံရေးအတွက်အထောက်အကူမဖြစ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ယုတ္တိဗေဒအရ တရုတ်အနေနဲ့ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေနဲ့ သူတို့ရဲ့မိသားစုတွေကိုပြည်ဝင်ခွင့်ဗီဇာငြင်းပယ်သင့်သလားလို့ Hua က မေးခွန်းထုတ်ခဲ့ပြီး အမေရိကန်အနေနဲ့ သူတို့ရဲ့အမှားကိုပြန်လည်ပြင်ဆင်ပြီး ပုံမှန်အတိုင်းပြန်လည်ခွင့်ပြုဖို့ တရုတ်ဘက်ကမျှော်လင့်ထားကြောင်း ကြာသပတေးနေ့ကပြောကြားခဲ့ပါတယ်။

သံရုံးဘက်က ပြန်လည်ပေးပို့ခဲ့တဲ့စာကို WeChat မှာ Beijing Gewai ပညာရေးအတိုင်ပင်ခံရုံးက ဖော်ပြခဲ့ပြီးလူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားအက်ဥပဒေအရ ဗီဇာလျှောက်ထားမှုကို ယာယီရပ်ဆိုင်းထားကြောင်း ပြသခဲ့ပါတယ်။

အမေရိကန်ဘက်က အခုလိုပိတ်ပင်မှုဟာ တရုတ်ကျောင်းသူကျောင်းသား ဘယ်လောက်ထိ ထိခိုက်နိုင်မယ်ဆိုတာကို မသိရပါဘူး။ ဘာလို့လဲဆိုတော့ တရုတ်ဟာ ထောက်လှမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာနလေးခုမှာ အလုပ်လုပ်နေသူတွေကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားခြင်းမရှိတာကြောင့်ဖြစ်ပြီး အခုလို ငြင်းဆန်ခဲ့ရမှုဟာ သူတို့ရဲ့ပညာရေးဝန်ဆောင်မှုပေးခဲ့တဲ့သက်တမ်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ Beijig Gewai ပိုင်ရှင် Qiao Xiangdong က ပြောဆိုခဲ့ပါတယ်။

အဆိုပါကျောင်းသူကတော့ အမေရိကန်တက္ကသိုလ် ၁၀ ခုကနေ ကွန်ပျူတာသိပ္ပံအထူးပြုအတွက် ကမ်းလှမ်းမှုတွေကို ရရှိခဲ့တာလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *