ဒေါက်တာတေဇာဆန်းပြောပြတဲ့ ၈လေးလုံးဂုဏ်ပြုသပိတ်အကြောင်း

ယခုလာမယ့် (၈ ရက် ၈ လ ၂၀၂၁ ခု)၊ ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး (၃၃) နှစ်ပြည့် နှစ်ပတ်လည်နေ့၊ ဂုဏ်ပြုအထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ကျနော်တို့ လူထုက ဒါတွေ လုပ်ကြမယ်ဗျို့-

၁။ လက်ရှစ်ချောင်း သပိတ် (8 Fingers Strike)

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တော်လှန်စိတ်ကို နှလုံးသွင်းဂုဏ်ပြုလျက် လက်ရှစ်ချောင်းထောင် (လက်တစ်ဖက်က ၃ ချောင်းထောင်၊ ကျန်တစ်ဖက်က ၅ ချောင်းထောင်၍) သပိတ်ပြုလုပ်ခြင်း၊ လူမှုကွန်ယက်စာမျက်နှာတွင် ၎င်းသပိတ်ကမ်ပိန်းလုပ်ခြင်း။

၂။ အနီရောင် လှုပ်ရှားမှု (Red Campaign)

အဆိုပါနေ့တွင် ရှစ်လေးလုံးစိတ်ဓာတ်ဖြစ်သော ရဲဝံ့စွန့်စားခိုင်မာသည့် စိတ်ဓါတ်နှင့် ခွန်အားကို ဂုဏ်ပြုဖော်ထုတ်လျက် အနီရောင်အင်္ကျီ အဝတ်အစား၊ အသုံးအဆောင်များ ဝတ်ဆင်ခြင်း၊ ဆေးနီသပိတ်များ ဖော်ဆောင်ခြင်း၊ စသည်တောင်ပေါ် မြေပြန့် ပထဝီဒေသပေါင်းစုံ၊


တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ သွေးစည်းညီညွတ်မှု၊ စုပေါင်းအင်အားတို့ကို အရင်းတည်၊ ဖြစ်ပေါ်လာမယ့် နွေဦးအောင်ပွဲအဖြစ် ကျနော်တို့ ပြည်သူတွေအနေနဲ့ “၈၈ က သွေးကြွေးဟောင်းကို ၂၁ မှာ အပြီးတောင်း” ကြဖို့ပဲ ဖြစ်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published.