မိသားစုလေးအမြန်ဆုံးပြန်လည်ဆုံစည်းချင်ပြီလို့ဆိုလာတဲ့သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့မိခင်ကြီး

  • မိသားစုလေးအမြန်ဆုံးပြန်လည်ဆုံစည်းချင်ပြီလို့ဆိုလာတဲ့သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့မိခင်ကြီး

သရုပ်ဆောင်ပိုင်ဖြိုးသုကတော့အပီပြင်ဆုံးသရုပ်ဆောင်ချက်တွေနဲ့အတူကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်။

ပိုင်ဖြိုးသုကသရုပ်ဆောင်ကောင်းရုံအပြင်စိတ်ထားကောင်းတဲ့ဆရာဝန်တစ်ယောက်လဲဖြစ်ပါတယ်၊ပိုင်ဖြိုးသုကဒါရိုက်တာဏကြီးနဲ့လက်ထက်ထိမ်းမြားထားပြီးအေးချမ်းတဲ့မိသားစုလေးကိုတည်ဆောက်ထားပါသေးတယ်။

ပိုင်ဖြိုးသုကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅ကနဲ့မရားအမှုဖွင့်ထားတာကြောင့်မိသားစုနဲ့ဝေးရာကိုရှောင်းတိမ်းနေရပါတယ်။

ဒီလိုရှောင်တိမ်းနေရတာကြောင့်မိခင်ကြီးဖြစ်တဲ့သူကအေးချမ်းတဲ့မိသားစုလေးအမြန်ပြန်ဆုံစည်းစေချင်ပြီပဲဖြစ်ပါတယ်။ပိုင်ဖြိုးသုကကိုယ့်ကချစ်ရသလိုကိုယ့်ကိုလည်းပြန်ချစ်ပေးတဲ့သူတချို့ကြောင့်ဘဝကနည်းနည်းနေသာထိုင်သာရှိတယ်၊ချစ်ညီမအရူးအနိုင်ဖြိုးနှင့်ဆိုပြီးတော့သူမရဲ့ညီမဖြစ်သူရဲ့ပုံနဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားတာကိုမိခင်ကြီးဖြစ်သူကသိတ်ချစ်ကြတဲ့ဒီညီအစ်မနှစ်ယောက်ဘယ်တော့မှပြန်ဆုံကြရပါ့မလဲဆိုပြီးတော့ပြန်လည်မျှဝေဖော်ပြထားတာပဲဖြစ်ပါတယ်၊

Leave a Reply

Your email address will not be published. Required fields are marked *