ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ စစ်ကောင်စီက အမှုဖွင့်

ရန်ကုန်၊သြဂုတ်(၅)

စစ်တပ်ကအာဏာသိမ်းယူပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ နေပြည်တော် ဒုတိယမြို့တော်ဝန်၊ စည်ပင်သာယာရေး ကော်မတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် NLDအစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးရဲမင်းဦး ကိုအဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဦးရဲမင်းဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီမှာအဖွဲ့ဝင်အဖြစ်နဲ့ ဗဟိုစီးပွားရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပြီး (၂၀၂၀) ဇွန်လမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အဖြစ် ထပ်မံတာဝန်ပေးခြင်း ခံရသူဖြစ်ပါတယ်။

Zawgyi

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်၀န် ဦးရဲမင်းဦး ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ စစ်ကောင်စီက အမှုဖွင့်

ရန်ကုန်၊သြဂုတ်(၅)

စစ်တပ်ကအာဏာသိမ်းယူပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ နေပြည်တော် ဒုတိယမြို့တော်ဝန်၊ စည်ပင်သာယာရေး ကော်မတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် NLDအစိုးရလက်ထက်မှာ တာ၀န်ထမ်းဆောင်ခဲ့တဲ့ ဦးရဲမင်းဦး ကိုအဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဦးရဲမင်းဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီမှာအဖွဲ့ဝင်အဖြစ်နဲ့ ဗဟိုစီးပွားရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပြီး (၂၀၂၀) ဇွန်လမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အဖြစ် ထပ်မံတာဝန်ပေးခြင်း ခံရသူဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *