NUG ရဲ့ကြိုးစားမှု အရာထင်လာခဲ့ပြီ

မြန်မာကို ဒီမိုကရေစီလမ်းကြာင်းပေါ်ပြန်ရောက်ဖို့ ဆက်လက်လုပ်ဆောင်မည့် အားထုတ်ကြိုး ပမ်းမှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ

ဝါရှင်တန်၊ ဩဂုတ် ၄ (ရိုက်တာ)။

အမေရိကန်နိုင်ငံ ဒု-နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်း (Wendy Sherman) သည် အမျိုးသားညီညွတ်ရေးအစိုးရ မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၄) ရက်တွင် ရုပ်သံမှတဆင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ယခုတွေ့ဆုံမှုသည် အမေရိကန်အကြီးတန်းအရာရှိတစ်ဦးနှင့် NUG အကြား တရားဝင် ထုတ်ပြန်ကြေငြာသည့် ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်သည်။

မြန်မာ၏စီးပွားရေးသည် ပြိုလဲခဲ့ရပြီး ပြီးခဲ့သည့်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားလာခြင်းကြောင့် ကျန်းမာရေးစနစ်ကိုထိခိုက်စေကာ လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ ဘေးဒုက္ခများမှာလည်း ပိုမိုဆိုးရွားလာခဲ့သည်။

“မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို အမေရိကန်က ဆက်လက်ထာက်ပံ့ကူညီပေးဖို့အပါအဝင် မြန်မာကို ဒီမိုကရေစီလမ်းကြာင်းပေါ်ပြန်ရောက်ဖို့ ဆက်လက်လုပ်ဆောင်မည့် အားထုတ်ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး ၎င်းတို့ နှစ်ဦးဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါပြန့်နှံ့မှုကို တိုက်ထုတ်ဖို့ကြိုးပမ်းမှုတွေ နှင့် မြန်မာပြည်သူတွေကိုအဓိကကျတဲ့လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ပါတယ် ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် နတ် ပရိုက် (Ned Price) က ဆိုခဲ့သည်။

သမ္မတ ဘိုင်ဒင်အုပ်ချုပ်ရးအဖွဲ့၏ သံတမန်နည်းလမ်းဖြင့် အာဆီယံနိုင်ငံတချို့သည် အမေရိကန်ထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေးများလက်ခံရရှိခဲ့သော်လည်း ယင်းတို့အထဲတွင် မြန်မာမပါခဲ့ပေ။ ဝါရှင်တန် အနေဖြင့် မြန်မာစစ်တပ် နှင့် စစ်တပ်၏စီးပွားရေးလုပ်ငန်းတချို့အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပြီး အာဏာသိမ်းစစ်အုပ်စုနှင့်လည်း ထိတွေ့ဆက်ဆံမှု မရှိသလောက်ပင်ဖြစ်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ရုပ်သံမှပြုလုပ်သည့်အစည်းအဝေးကို တက်ရာက်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တွန်နီ ဘလင်ကန်သည် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများကိုရပ်တန့်ဖို့ ပူးတွဲအရေးယူမှုများကို ပြုလုပ်ရန် အာဆီယံကို တောင်းဆိုခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုခဲ့သည်။

အာဆီယံသည် ဘရူနိုင်း ဒု-နိုင်ငံခြားရေးဝန်ကြီး အီရာဝန် ယုဆွဖ် (Erywan Yusof) ကို မြန်မာဆိုင်ရာအာဆီယံ၏အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်မှုကိုလည်း မစ္စတာ ဘလင်ကန်က ကြိုဆိုခဲ့သည်။

ဘလင်ကန်သည် မြန်မာတွင် ဖန်းဆီးထိန်းသိမ်းခံထားရသူများကိုလွှတ်ပေးရန်နှင့် မြန်မာကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် အာဏာသိမ်းစစ်အုပ်စုကို ဖိအားများပးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို တောင်းဆိုခဲ့ကြောင်း အစောပိုင်းထုတ်ပြန်ကြေငြာချက်များအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *