အာဆီယံကိုယ်စားလှယ် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ရမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက သီးခြားထုတ်ပြန်”

“အာဆီယံကိုယ်စားလှယ် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ရမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက သီးခြားထုတ်ပြန်”

မြန်မာ့နိုင်ငံအရေးဖြေရှင်းဖို့အတွက် အာဆီယံအလှည့် ကျ ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးကို မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တဲ့အပေါ် မြန်မာစစ်ကောင်စီဘက်က အတည်ပြုလက်ခံလိုက်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၆ လကျော်အချိန်မှ မြန်မာနိုင်ငံအထူး ကိုယ်စားလှယ်ကို လက်ခံလိုက်တာဖြစ်ပါတယ်။

အာဆီယံကခန့်အပ်တဲ့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အနေနဲ့ သူ့တာဝန်တွေကို မကြာခင်မှာ စတင်တော့မှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားဘက်ပေါင်းစုံက လူတွေနဲ့ အပြည့်အ၀ တွေ့ဆုံခွင့်ရမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက သီးခြားထုတ်ပြန်တဲ့ ကြေ ညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံအထူးကိုယ်စား လှယ်ကို သဘောတူ လက်ခံတယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် အခြားနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ပြုမပြုဆိုတာကိုတော့ သ တင်းထုတ်ပြန်ချက်ထဲမှာ မဖော်ပြထားပါဘူး။

 

Leave a Reply

Your email address will not be published. Required fields are marked *