သံအမတ်ကြီး ဦးကျော်မိုးထွန်း လုံခြုံရေး ခြိမ်းခြောက်ခံရ၍ လုံခြုံရေး တိုးမြှင့်ပေးထား

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့အပေါ် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုရှိခဲ့ကြောင်းနဲ့ အမေရိကန် အာဏာပိုင်တွေက သူ့အတွက် လုံခြုံရေးတိုးမြှင့်ပေးထားကြောင်း ဗုဒ္ဒဟူးနေ့မှာ ပြောဆိုပါတယ်။

ခြိမ်းခြောက်မှုအချို့ရှိနေကြောင်း၊ ဒီအတွက် ရဲတပ်ဖွဲ့က လုပ်ဆောင်နေပါကြောင်းနဲ့ ရဲတပ်ဖွဲ့က လိုအပ်တဲ့ လုံခြုံရေး ပေးထားကြောင်း ဦးကျော်မိုးထွန်းက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ သူ့အပေါ် ခြိမ်းေြ့ခာက်မှုကို အင်္ဂါနေ့က သတိပြုသိရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။
လက်ရှိအထိတော့ နောက်ထပ်အသေးစိတ်အချက်အလက်တွေ မသိရသေးသလို FBI ကလည်း ဒီကိစ္စအပေါ် လတ်တလောမှာ တုံ့ပြန်မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း မိမိတို့ရဲ့ လုံခြုံရေးလုပ်ငန်းစဉ် အသေးစိတ်ကို ပြောဆိုမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ရွေးကောက်ခံ အရပ်သားအစိုးရ ကိုယ်စားပြုနေသူဖြစ်ပြီး စစ်ခေါင်းဆောင်တွေက သူ့ကို ရာထူးကနေ ထုတ်ပယ်ထားပါတယ်။ သို့ပေမယ့် ကုလသမဂ္ဂက စစ်တပ်အာဏာသိမ်းမှုကို အသိအမှတ်မပြုခဲ့တာကြောင့် သူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဆက်လက်ရှိနေတာဖြစ်ပါတယ်။ CNA

(zawgyi)

သံအမတ်ကြီး ဦးကျော်မိုးထွန်း လုံခြုံရေး ခြိမ်းခြောက်ခံရမှုကြောင့် လုံခြုံရေး တိုးမြှင့်ပေးထား
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့အပေါ် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုရှိခဲ့ကြောင်းနဲ့ အမေရိကန် အာဏာပိုင်တွေက သူ့အတွက် လုံခြုံရေးတိုးမြှင့်ပေးထားကြောင်း ဗုဒ္ဒဟူးနေ့မှာ ပြောဆိုပါတယ်။
ခြိမ်းခြောက်မှုအချို့ရှိနေကြောင်း၊ ဒီအတွက် ရဲတပ်ဖွဲ့က လုပ်ဆောင်နေပါကြောင်းနဲ့ ရဲတပ်ဖွဲ့က လိုအပ်တဲ့ လုံခြုံရေး ပေးထားကြောင်း ဦးကျော်မိုးထွန်းက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ သူ့အပေါ် ခြိမ်ြးေ့ခာက်မှုကို အင်္ဂါနေ့က သတိပြုသိရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

လက်ရှိအထိတော့ နောက်ထပ်အသေးစိတ်အချက်အလက်တွေ မသိရသေးသလို FBI ကလည်း ဒီကိစ္စအပေါ် လတ်တလောမှာ တုံ့ပြန်မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း မိမိတို့ရဲ့ လုံခြုံရေးလုပ်ငန်းစဉ် အသေးစိတ်ကို ပြောဆိုမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ရွေးကောက်ခံ အရပ်သားအစိုးရ ကိုယ်စားပြုနေသူဖြစ်ပြီး စစ်ခေါင်းဆောင်တွေက သူ့ကို ရာထူးကနေ ထုတ်ပယ်ထားပါတယ်။ သို့ပေမယ့် ကုလသမဂ္ဂက စစ်တပ်အာဏာသိမ်းမှုကို အသိအမှတ်မပြုခဲ့တာကြောင့် သူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဆက်လက်ရှိနေတာဖြစ်ပါတယ်။ CNA

Leave a Reply

Your email address will not be published. Required fields are marked *