မြန်မာ့အရေးဖြေရှင်ဖို့ အာဆီယံအထူးရုပ်သေးရုပ်သံတမန် ခန့်အပ်

ဩဂုတ် ၄

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကြားဝင်ဖြေရှင်းရန် အာဆီယံ အထူးသံတမန် အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အာဆီယံက ယနေ့ ခန့်အပ်တာဝန်ပေးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က အင်နိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ အထူးအစည်း၏ ရလဒ် သဘောထား ၅ ချက်ပါ မြန်မာ့အရေး အထူးသံတမန်ခန့်အပ်ရန် သဘောတူညီချက်ကို ၃ လနီးပါး ကြာမြင့်ပြီးနောက်မှ စတင်အကောင်အထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အထူးသံတမန် ခန့်အပ်နိုင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား အပြင်းအထန် ဆွေးနွေးအတည်ပြုခဲ့ရခြင်းဖြစ်ပြီး အထူးသံတမန်သည် မြန်မာနိုင်ငံအတွင်း  လျှော့ချနိုင်၊ ကြားဝင် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။

ပုံစာ ။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် Erywan Yusof

Leave a Reply

Your email address will not be published. Required fields are marked *