ကိုဗစ်ဖြစ်တဲ့သူတွေကိုနည်းမှန်လမ်းမှန်နေထိုင်ဖို့ အားပေးစကားပြောခဲ့တဲ့ နေဝင်နှင့်ချော

ဒီနေ့အိမ်မှာ Covid Test Kit နဲ့စစ်ပါတယ် ..
ချောအမေက ကင်ဆာသမားဆိုတော့ စိုးရိမ်လို့ တပတ်တခါတအိမ်လုံး အမြဲစစ်ကြပါတယ်(ဒီတခေါက်တော့ မှတ်တမ်းတင်ထားတယ်ပေါ့နော်)

တအိမ်လုံးကို နှိုက်တဲ့သူကတော့ ကိုယ်ပေါ့ 😬
ကိုယ့်အလှည့်ကျ ကိုယ့်ဘာသာပြန်နှိုက်တာရတာပေါ့ 😆အခုချိန်ထိတော့ Negative ပေမယ့်လည်း မဖြစ်သေးတော့စိတ်တော့ပူနေရတာပေါ့ (တချိန်လုံး) 😬

Covid ဖြစ်နေတဲ့သူတွေလည်း Fighting ပါ၊ အရမ်းမကြောက်နဲ့ ပြန်ကောင်းသွားတယ့်သူတွေအများကြီးပါ 💪 ကိုယ်ခံအားကောင်းအောင်နေ စိတ်ကိုရသလောက်ပျော်အောင်ထား (စိတ်ထောင်းကိုကြေမဖြစ်စေနဲ့) 🙏❤️

ချောတို့လည်း Safe ဖြစ်အောင်တော့အမြဲနေပါတယ် ၊ မလိုအပ်ပဲအပြင်မထွက်ဘူး၊ အိမ်ကိုဝင်သမျှအထုပ်တိုင်းအသေးစိတ်ပိုးသတ်ဆေးဖျန်းပါတယ် (အသားငါးကိုရေဆေးပြီး အရွက်တွေကိုဆားရည်နှင့်ဆေးပါတယ်) မဖြစ်သေးတဲ့သူတွေလည်း ဂရုစိုက်ကြပါနော် ❤️✌️

 

Leave a Reply

Your email address will not be published. Required fields are marked *