အစိုးရရက်ရှည်ရုံးပိတ်ရက်တစ်ပတ်ထပ်တိုးမည်

သြဂုတ် ၁ရက်၊၂၀၂၁။

ကိုဗစ်ရောဂါကူးစက်မှုနှုန်းကွင်းဆက်ဖြတ်တောက်နိုင်ရေးအတွက် နိုင်ငံအတွင်းမှာ အစိုးရက်ရှည်ရုံးပိတ်ရက်တွေကို ဇူလိုင်လ၁၇ရက်နေ့စတင်ပိတ်ထားခဲ့ပြီး ကူးစက်မှုနှုန်းလျော့ကျတာကြောင့် ရက်ရှည်ရုံးပိတ်ရက် တစ်ပါတ်ထပ်တိုးကြေညာမယ်လို့ နစက ဥက္ကဋ္ဌပြောဆိုလိုက်ပါတယ်။

ဒီကနေ့ မနက်၉နာရီမှာ ထုတ်လွှင့်သွားတဲ့ နစကရဲ့ အာဏာရယူထားမှု ၆လပြည့်အဖြစ် နစကဥက္ကဋ္ဌမိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအတွက်တတ်စွမ်းသမျှဆောင်ရွက်သွားဖို့ရှေ့လုပ်ငန်းစဉ်ငါးရပ်မှာထည့်သွင်းဆောင်ရွက်နေဖြစ်ပါတယ်။ကပ်ရောဂါစီမံခန့်ခွဲရေးနဲ့ပတ်သတ်တဲ့လုပ်ထုံးလုပ်နာ်းတွေ ကန်သတ်မှုတွေကိုလည်း တတ်စွမ်းသမျှဖြေလျော့ပေးထားပြီးဖြစ်သလိုလိုအပ်တဲ့ပြင်ဆင်မှုတွေကိုဆောင်ရွက်လျှက်ရှိပါတယ်။ပြည်သူလူထုအတွင်းကိုဗစ်၁၉ရောဂါကွင်းဆက်ဖြတ်တောက်နိုင်ဖို့အတွက် အများပြည်သူရုံးပိတ်ရက်တွေနဲ့ကိုက်ညီပြီးတော့ ဇူလိုင်၁၇ရက်က ဩဂုတ်လ၁ရက်နေ့အထိ တဆက်တစပ်တည်း ရုံးပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပြီးကူးစက်မှုကွင်းဆက်ဖြတ်တောက်နိုင်ဖို့စီမံဆောင်ရွက်ခဲ့ရာမှပြည်သူလူထုတစ်ရပ်လုံးကဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့တာဟာပြည်သူလူထုရဲ့စွမ်းအားချီးကျူးဖွယ်ရာကောင်းတဲ့လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ဇူလိုင်၂၃ရက်နေ့ကစလိုဖြစ်ပွားမှုနှုန်းဟာ ၄၀.၈၂ရာခိုင်နှုန်းကနေ ၂၉ရက်နေ့မှာ ၃၄.၇၅ရာခိုင်နှုန်းအထိကျဆင်းလာပါတယ်။ရောဂါကွင်းဆက်ကိုထိထိရောက်ရောက်ဖြတ်တောက်နိုင်ဖို့နောက်ထပ်တစ်ပါတ်ထပ်မံပြီး ရုံးပိတ်ရက်ရှည် ကြေညာသွားပါ့မယ်” လို့နစကကောင်စီဥက္ကဋ္ဌကပြောဆိုလိုက်တာဖြစ်ပါတယ်။

ထိုသို့ရက်ရှည်ရုံးပိတ်ရက်ဆောင်ရွက်ရာမှာစီးပွားရေးနဲ့ကုန်ထုတ်လုပ်ငန်းတွေမထိခိုက်အောင်အောင်ဆောင်ရွက်သွားမယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *