အမေရိကန်ဒုတိယသမ္မတ အရှေ့တောင်အာရှနိူင်ငံများသို့လာရောက်မည်

ဇူလိုင် ၃၁

အမေရိကန်ဒုတိယသမ္မတ ကာမယ်ဟားရစ်သည် လာမည့်လအတွင်း စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ကာမယ်လာက နှစ်နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံကာ ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်သည်။

ကာမယ်လာ၏ ခရီးစဉ်နှင့်ပတ်သက်၍ အိမ်ဖြူတော်က ဇူလိုင်လ ၃၀ ရက်တွင် ထုတ်ပြန်ချက်တစ်ခုအ တွင်း ကြေညာခဲ့သည်။

အမေရိကန်အစိုးရက အဆင့်မြင့်တာဝန်ရှိသူများ စေလွှတ်ခြင်းအားဖြင့် ဒေသတွင်းပါဝင်မှု တိုးမြှင့်လိုပြီး တောင်တရုတ်ပင်လယ်၊ အခြားဒေသများတွင် တရုတ်နိုင်ငံ၏လှုပ်ရှားမှုများကို ထိန်းချုပ်လိုသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အရှေ့တောင်အာရှဒေသသို့ ပထမဆုံးလာရောက် သော ပထမဆုံးသော အမေရိကန်အစိုးရအဖွဲ့ဝင် ဖြစ်လာခဲ့သည်။

လွိုက်အော်စတင်သည် ယခုအပတ်အတွင်း ဗီယက်နမ်၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံများက ကာကွယ်ရေး ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံကလည်း သြဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ တရုတ်နိုင်ငံက ဖိလစ်ပိုင်၊ ထိုင်း၊ လာ အိုနှင့် ကမ္ဘောဒီးယားပြည်သူများသို့ ကိုဗစ်ကာကွယ်ဆေး အခမဲ့လှူဒါန်းခြင်းဖြင့် ကာကွယ်ဆေးသံခင်တမန်ခင်း လုပ်ဆောင်လျက်ရှိသည်။

Leave a Reply

Your email address will not be published.