ပြည်သူရွေးချယ်ထားတဲ့အစိုးရကို တရားမဝင်ဖယ်ရှားတာကို ဂျာမနီက လက်မခံ

ပြည်သူရွေးချယ်ထားတဲ့အစိုးရကို တရားမဝင်ဖယ်ရှားတာကို ဂျာမနီက လက်မခံ
(၃၁ ဇူလိုင် ၂၀၂၁)

မြန်မာပြည်သူတွေရွေးချယ်ထားတဲ့အစိုးရကို တရားမဝင်အောက်လမ်းနည်းနဲ့ ဖယ်ရှားတာကို လက်မခံကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာဂျာမနီအမြဲတမ်းမစ်ရှင်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Günter Sautter နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဂျာမနီရဲ့ရပ်တည်ချက်ကို ပြောခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွက်အခက်အခဲဆုံး အခုလို ကာလမှာ ဂျာမနီဟာ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်း သံအမတ်ကြီး Günter Sautter ကပြောပါတယ်။

လက်မခံနိုင်သလို လူသားမဆန်မှုတွေအတွက်စ်ကောင်စီက တာဝန်ခံရလိမ့်မယ်လို့လည်း သံအမတ်ကြီး Günter Sautter က ပြောခဲ့ကြောင်း ကုလသမဂ္ဂဂျာမနီအမြဲတမ်းမစ်ရှင်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *