အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ အနုပညာရှင်များ ဘယ်ကိုရောက်ရှိနေတယ်ဆိုတာကို Delta News Agencyက စုံစမ်းသိရှိရသမျှကို တင်ပြလိုက်ပါတယ်။
သရုပ်ဆောင်ပြေတီဦးဟာ အင်းစိန်သီးသန့်ထောင် အဆောင် ၂ အခန်း၆ မှာ ရောက်ရှိနေပြီး သုံးရက်လောက် ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။ သရုပ်ဆောင် ရဲတိုက်တို့ ပိုင်တံခွန် တို့နဲ့ အတူတူထားရှိထားတာလို့ သိရပါတယ်။
သရုပ်ဆောင်လူမင်း နိုင်ငံရေးပညာရှင် ဦးမြအေး တို့ကို တော့ အင်းစိန် ထောင်မကြီးရဲ့ အဆောင် ၂မှာထားထားတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် အိန္ဒြာကျော်ဇင် ၊မေတိုးခိုင် ၊အဆိုတော် ပိုပို ၊beauty blogger ၀င်းမင်းသန်း တို့ကိုတော့ အမျိုးသမီးစာသင်ဆောင်မှာထား ရှိထားတယ်လို့ ထောင်တာ၀န်ရှိသူတွေ ဆီကနေ သိရှိရပါတယ်။
Zawgyi
ရန်ကုန် အင်းစိန်ထောင် ရှိ အနုပညာရှင်များရဲ့အခြေအနေများ