ရန်ကုန်မြို့ရှိ Flannel Vibes-Clothing အထည်ဆိုင်မှ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ၃ မျိုးပေါင်းကို ၁၀၀ ကျပ်နှင့် ရောင်းချပေး

ရန်ကုန်မြို့ရှိ Flannel Vibes-Clothing အထည်ဆိုင်မှ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ၃ မျိုးပေါင်းကို ၁၀၀ ကျပ်နှင့် ရောင်းချပေး


ရန်ကုန်မြို့ရှိ ‘Flannel Vibes-Clothing အထည်ဆိုင်က အခြေခံလူတန်းစား ပြည်သူများ စျေးနှုန်းချိုသာစွာစားသောက်နိုငိရန်အတွက် ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ၃ မျိုးပေါင်းကို ၁၀၀ ကျပ်နဲ့ ယမန်နေ့ ညနေ့ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကြက်ဥ ၅ လုံး၊ ခေါက်ဆွဲခြောက် ၃ ထုပ်၊ ငါးသတ္တော ၁ ဗူးစသော ပစ္စည်း ၃ မျိုးပါတစ်ထုပ်ကို ၁၀ဝ ကျပ်နှင့် လူ ၂၀၀ စာ ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ရောင်းရငွေများကိုလည်း ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့ကလည်း Flannel Box အထည်ဆိုင်မှ ဆန်၊ခေါက်ဆွဲခြောက်၊ကြက်သွန်နီ၊ ကြက်ဥ တို့အနက်မှ ​ကြိုက်ရာတစ်မျိုးအား ၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဓာတ်ပုံ – ဖြိုးရသ(CJ)

Leave a Reply

Your email address will not be published. Required fields are marked *