ကျောင်းသားကျောင်းသူ (၄)သန်းကျော်ကျောင်းပြန်တက်နေပြီး (၈၈) ရာခိုင်နှုန်းနီးပါး ပြန်လည်လည်ပတ်နေတယ်လို ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ရန်ကုန်၊ဇူလိုင်(၁၂)

ဒီနေမနက်ပိုင်းမှာပြုလုပ်တဲ့ (၇)ကြိမ်မြောက် စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ(၁)ရက်နေ့မှာ အခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းသားကျောင်းသူ (၄)သန်းကျော်ကျောင်းပြန်တက်နေပြီး (၈၈) ရာခိုင်နှုန်းနီးပါး ပြန်လည်လည်ပတ်နေတယ်လို့ ပြောပါတယ်။

” အသက် (၂၅) အထက်လူတွေမှာ အလယ်တန်းအဆင့်အောက် ပညာအရည်အချင်းရှိသူ (၁၈) သန်းလောက်ရှိတယ်။ နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်ရှိတယ်။ ဒါကြောင့် ပညာရေးမြှင့်တင်ဖို့လုပ်နေတာ။ ကျောင်းတွေ လေးသောင်းကျော် ပြန်ဖွင့်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ လေးသန်းကျော် ကျောင်းပြန်တက်တယ်။ အကုန်လုံးဆို(၈၈) ရာခိုင်နှုန်းနီးပါး ပြန်လည်လည်ပတ်နေတယ်။ ပညာရေးဝန်ထမ်းတွေအတွက် လာမဲ့ခြောက်လဘတ်ဂျတ်မှာ ချီးမြှင့်ငွေပေးဖို့ စီစဉ်ထားတယ်။ စုစုပေါင်း သန်း ၃၀၀၀ ကျော် ဘတ်ဂျက်မှာ လျာထားတယ်”လို့ပြောဆိုခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ ကိုယ်ပိုင်ကျောင်းများနဲ့ ဘုန်းတောင်ကြီးသင်ပညာရေးကျောင်းမပါ အခြေခံပညာကျောင်းပေါင်း ၂၇၅၈ ကျောင်းနဲ့ ကျောင်းသား၊ ကျောင်းသူ (၁၀) သိန်းခန့်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *