တရုတ်နိုင်ငံ ဝူဟန်မြို့ လေဆင်နှာမောင်းတိုက်ခတ်၊ လူ ၈ ဦးထက်မနည်း သေဆုံး

(Zawgyi / Unicode)

တရုတ်နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းပြည်နယ်တွေမှာ သောကြာနေ့က လေဆင်နှာမောင်း တိုက်ခတ်တာကြောင့်အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။

သောကြာနေ့ ညပိုင်းက တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် ဝူဟန်မြို့မှာ အနည်းဆုံး ဦးသေဆုံးပြီး ၂၃၀ဒဏ်ရာရခဲ့ပါတယ်။ ဒီမတိုင်ခင် နာရီပိုင်းက ကျန်းစုပြည်နယ်တွင်း လေဆင်နှာမောင်းကြောင့် အနည်းဆုံး ဦးသေဆုံးပြီး ၁၅၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

လေပြင်းကြောင့် ဆောက်လက်စ အဆောက်အဦးတွေက အမိုးတွေ လန်ထွက်သွားခဲ့ပြီး သစ်ပင်တွေ ပြိုလဲခဲ့ပါတယ်။ အစောပိုင်း ကျန်းစုပြည်နယ် Shengze မြို့တွင်း တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် စက်ရုံအဆောက်အဦးတွေနဲ့ လျှပ်စစ်ဓာတ်အားပေး အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

အခု လေပြင်းဒဏ်ခံခဲ့ရတဲ့ ဝူဟန်မြို့က ၂၀၁၉ နှောင်းပိုင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စပြီးဖြစ်ပွါးခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ လေဆင်နှာမောင်းတိုက်လေ့ သိပ်မရှိပေမယ့် ၂၀၁၉ ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ နိုင်ငံအရှေ့မြောက်ပိုင်း Liaoning ပြည်နယ်နဲ့ Hainan ပြည်နယ်တွေမှာ လေဆင်နှာမောင်းကြောင့် အနည်းဆုံး လူ ၁၄ယောက် သေဆုံးခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း ကျန်းစုပြည်နယ်မှာ လေဆင်နှာမောင်းနဲ့အတူ မိုးသီးမုန်တိုင်းတွေကြောင့် အနည်းဆုံး၉၈ ဦး သေဆုံးခဲ့ပါတယ်။

(Unicode)

တရုတ်နိုင်ငံ ဝူဟန်မြို့ လေဆင်နှာမောင်းတိုက်ခတ်၊ လူ ဦးထက်မနည်း သေဆုံး

Leave a Reply

Your email address will not be published. Required fields are marked *