လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအမှတ်(၂၃)ရပ်ကွက် ရွှေစံပယ်(၃)လမ်းတွင် နေအိမ်များ ထပ်မံဖျက်ဆီးခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းအမှတ် (၂၃)ရပ်ကွက်၊ ရွှေစံပယ်(၃)လမ်းတွင်၊ ဦးသိန်းစိန်လက်ထက်က မြေစလစ်ကဒ်များဖြင့် ရေမီးစုံ အကွက်ရိုက်ရောင်းချခဲ့သော မြေနေရာများကို စစ်ကောင်စီရပ်ကျေးများနှင့် ရပ်ကွက်လူမိုက်များပူပေါင်း၍ ထပ်မံဖြိုဖျက်နေကြောင်း သိရှိရပါသည်။

“ကျူးမဟုတ်ပါဘူးအိမ်တွေကအပိုင်ပါ။ အမည်ပေါက်္ မရှိလို့ဆိုပြီးလိုက်ဖျက်နေတာပါ။ အကူညီမဲ့နေပြီး ဘယ်သူ့တိုင်ရမယ်မှန်းလဲမသိ သက်သက်အနိူင်ကျင့်နေတာပါ” ဟု နီးစပ်သူ တစ်ဦးမှ MCTV CLUB သို့ ပြောကြားလာခဲ့ပါသည်။

“ရပ်ကွက်ကပြည်သူတွေနဲ့ စစ်တပ်ဗိုလ်မှူးတွေနဲ့လဲ ဆုံကြတယ်ပြောတယ်။ ဗိုလ်မှူးတွေက သူတို့နဲ့မဆိုင်ဘူးလို့ပြောတယ်ကြားပါတယ် “ ဟုလည်း ၎င်းမှထပ်မံပြောကြားခဲ့ပါသည်။

“ဝယ်တုန်းက သိန်း ၃၀ ပေးခဲ့ရတယ်ဗျ။ စာချူပ်ပဲပါတာ၊ အမည်မပေါက်ဘူး။ အခု သူတို့က မဖျက်ချင်ဘူးဆိုရင် သိန်း ၅၀ ပေးရမယ်ပြောသည်။ ဘယ်လိုလုပ်ပေးနိုင်မှာလဲဗျာ” ဟုလည်း ရင်ဖွင့်ပြောကြားလာခဲ့ပါသည်။

ယခုကဲ့သို့ အိမ်များဖျက်္မည်ဆိုသည်ကို လွန်ခဲ့သောတစ်ပတ်လောက်ကသတိပေးခဲ့ပြီး၊ ဇူလိုင်လ (၈) ရက်နေ့ညက ရပ်ကွက်နေပြည်သူများကို အတင်းအကျပ် လက်္မှတ်ထိုး သဘောတူခိုင်းခဲ့ကြောင်း လည်းသိရှိရပါသည်။

အလားတူ ပြီးခဲ့သော မေလ အတွင်းကလည်း ရွှေစံပယ်(၃)လမ်းနှင့် (၄)လမ်းရှိ အိမ်အချို့ကို ရပ်ကျေးများနှင့် ရပ်ကွက်လူမိုက်္များပူးပေါင်း၍ ဖျက်ဆီးခဲ့ကြပါသေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *