အောက်စီဂျင်စက်ရုံဆောက်လို့ မပြီးခင်မှာ အောက်စီဂျင်CONCENTRATOR တွေ လှူဒါန်းပေးခဲ့တဲ့ နန္ဒာလှိုင်


ပရိသတ် တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး နန္ဒာလှိုင်ကတော့ လတ်တလောမှာ ဖြစ်ပေါ် နေတဲ့ ကိုဗစ် ၁၉ ကြောင့် ကူးစက်ခံရသူတွေမှာ အောက်စီဂျင်တွေ လိုအပ်နေ ကိစ္စကို ကူညီဖြေရှင်းနိုင်ဖို့ အောက်စီဂျင် စက်ရုံဆောက်လုပ်ပြီး လှူဒါန်းပေးသွားဖို့ စီစဉ်နေတာ ပရိသတ်ကြီးတွေ သိရှိပြီးသားဖြစ်ပါတယ်။

နန္ဒာလှိုင်က စက်ရုံ ဆောက် လုပ်ဖို့ အတွက် လည်း အားကြိုး မာန်တက်နဲ့ လုပ်ဆောင် နေခဲ့ပါတယ်။သို့ပေမဲ့လည်း အောက်စီဂျင်စက် ရုံ တည်ဆောက်ဖို့က အနည်းဆုံးကြာချိန် (၄၅) ရက်အထက်ကနေ (၆) လ လောက်အထိ ကြာမြင့်မှာ ဖြစ်သည့် အတွက် အခု လောလောဆယ်မှာ လိုအပ်နေတဲ့ ပြည်သူ တွေ လွယ်လွယ် နဲ့ မြန် မြန်ရရှိနိုင်ဖို့အတွက် အောက်စီဂျင် Concentrator တွေကိုလည်း လှူဒါန်း ပေးသွားဖို့ စီစဉ် ခဲ့ ပါတယ်။ (၁၀) လီ တာ ဆန့် တဲ့ အောက်စီဂျင် Concentrator အလုံးရေ (၅၀) လောက် ဝယ်ယူပြီးလှူဒါန်းပေးသွားမှာဖြစ်‌ေကြာင်းသိရှိရပါသည်။

အောက်စီဂျင် စက်ရုံကတည်ဆောက်ဖို့ အချိန်ယူနေရတဲ့ ကာလမှာတောင် လိုအပ်နေတဲ့ ပြည်သူတွေ အတွက် လွယ်လွယ်ရနိုင်အောင် အဆင်ပြေနိုင်အောင် စဉ်းစား စီ စဉ် လှူဒါန်းပေးတဲ့ နန္ဒာလှိုင် ရဲ့ စေ တနာကတော့ ပရိသတ်ကြီးတွေလည်း သာဓုခေါ် ဆိုနိုင်အောင် ဒီသတင်းလေးကို မျှဝေ ဖော်ပြပေး လိုက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *