သိန်းတစ်ထောင်တန် အောက်ဆီဂျင်ဝယ်ယူဖို့အတွက် အလှူလေးမှာ သိန်း(၂၀) လှူဒါန်းခဲ့တဲ့ မေလသံစဉ်

အဆိုတော်မေလသံစဉ်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ငယ်စဉ်တည်းက လုပ်ကိုင်နေခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခုချိန်အထိလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားဆဲပါ။

ခုလို အခြေအနေတွေမှာလည်း တတ်နိုင်သလောက် သူမအနေနဲ့ လိုအပ်တဲ့နေရာတွေကို ပါဝင်လှူဒါန်းပေးနေတာတွေ့ရပါတယ် ။ အခုလည်း ပြင်ဦးလွင်မှာ သိန်းတစ်ထောင်တန် အောက်ဆီဂျင်စက် ဝယ်ယူဖို့ အတွက် အလှူလေးမှာ မေလက သိန်း (၂၀) ပါဝင်ကာ လှူဒါန်းခဲ့ကြောင်း ဝေမျှလာပါတယ် ။

အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” မေလ ချစ်ရတဲ့ ပြင်ဦးလွင်မြို့လေးမှာ လူတန်းစားမရွေး သက်တမ်းစေ့နေနိုင်ဖို့ရေးအတွက် သိန်းတစ်ထောင်တန် အောက်ဆီဂျင်စက် ဝယ်ယူဖို့ မေလတတ်နိုင်သလောက် သိန်း(၂၀) တိတိ ပါဝင်လှူဒါန်းခဲ့ပါသည်။

ခုလိုချိန်မှာ ငွေကြေးတတ်နိုင်သော လုပ်ငန်းရှင်များမေတ္တာဂရုဏာထား၍ ပါဝင်လှူဒါန်းလိုပါက မတည်အလှူရှင် သီဟဗလ Hotel နှင့် ဒေါ်ကြင်မေ(ပွဲရုံ)လုပ်ငန်းရှင် အန်တီ ဒေါ်ခင်ထွေး 09 763288484 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင် “ရေးသားဖော်ပြထားရာ မေလရဲ့ စိတ်ဓာတ်လေးကို လေးစားမိတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *