NUG အစိုးရကိုအသိမှတ်ပြုရေး လမ်းကြောင်းပေးလုပ်ဆောင်နေဟု စစ်ကောင်စီမှ ကုလကိုစွပ်စွဲ

NUG အစိုးရကိုအသိမှတ်ပြုရေး လမ်းကြောင်းပေးလုပ်ဆောင်နေဟု စစ်ကောင်စီမှာ ကုလကိုစွပ်စွဲ

ချင်းမိုင် ဇူလိုင်

ဂျီနီဗာမှာ ကျင်းပနေတဲ့ ၄၇ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ အစည်းအဝေးမှာ မြန်မာအရေး နဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးခွင့်ပေးတဲ့ ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ ဆောင်ရွက်ချက်တွေကို စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးရုံးက ဒီနေ့ရက်စွဲနဲ့စာထုတ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးရုံးက ထုတ်ပြန်ချက်ထဲမှာလူ့အခွင့်အရေးကောင်စီအစည်းအဝေးအတွင်း အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ရာ တွင် သက်ဆိုင်ရာနိုင်ငံ၏ ပါဝင်မှုရှိမှသာ မြေပြင်အခြေအနေအမှန်ကို ထင်ဟပ်စေနိုင်မည် ဖြစ်ရာ သက်ဆိုင်ရာနိုင်ငံ၏ ပါဝင်မှုသည် လွန်စွာအရေးကြီးသည်။ယင်းသို့ကျင်းပခြင်းသည် အားလုံး ပါဝင်သည့် အပြန်အလှန်ဆွေးနွေးမှုများမှတစ်ဆင့် လူ့အခွင့်အရေးကို မြင့်တင်ကာကွယ်သွားမည့် လူ့အခွင့်အရေးကောင်စီ၏မူများနှင့် ရည်မှန်းချက်များနှင့် သွေဖယ်လျက်ရှိပါသည်။ သို့ပါ၍သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ အပြန်အလှန်ဆွေးနွေးမှုများ ကျင်းပခဲ့ခြင်း အပေါ် မြန်မာနိုင်ငံအနေဖြင့်ကန့်ကွက်သည်လို့ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးနှင့် မြန်မာနိုင်ငံအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Mr. Thomas Andrews တို့က ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီမှာ တင်ပြဆွေးနွေဖို့ အစီစဉ်ကို တရုတ် နဲ့ ရုရှားက ကန့်ကွက်ခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ချက်အရထောက်ခံတဲ့နိုင်ငံ ၂၆နိုင်ငံ ကန့် ကွက်နိုင်ငံ ၇နိုင်ငံ နဲ့ကြားနေ ၁၄နိုင်ငံ ရှိခဲ့တာကြောင့်  ထောက်ခံတဲ့နိုင်ငံ များတဲ့အတွက် တင်ပြဆွေးနွေဖို့ အစီစဉ်ကို လူ့အခွင့်ရေးကောင်စီက လက်ခံခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကအပြန်အလှန်ဆွေးနွေးမှုများအတွင်း မဟာမင်းကြီး Ms. Michelle Bachelet ပြောကြားမှုများသည် မတရားအသင်းနှင့်အဖွဲ့အဖြစ် ကြေညာထားသည့် အမျိုး သားညီညွတ်ရေးအစိုးရ ဆိုသည့်အဖွဲ့အပေါ် တရားဝင်အဖြစ် အသိအမှတ်ပြုရေးကို လမ်း ကြောင်းပေးသည့် သဘောသက်ရောက်လျက်ရှိသည်။ကုလသမဂ္ဂကို ကိုယ်စားပြုကာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအပေါ်ဖိအားပေးနေသည့် မဟာမင်းကြီး၏ယခုကဲ့သို့ပြော ဆိုမှုများအပေါ် မြန်မာနိုင်ငံအနေဖြင့် လုံးဝ လက်မခံပယ်ချသည်။လို့ဆက်လက်ထုတ်ပြန်ထားပါတယ်။

သံတမန်ရေးရာမှာ အကြီးအကျယ် အရေးနိမ့်နေတဲ့စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကို အာဆီယံနိုင်ငံတွေအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဆက်သွယ်ဆောင်ရွက်မှု မရှိဘဲ အမျိုးသားညီညွတ်ရေးအစိုးရကိုသာသံတမန်ရေးရာမှာ ဆက်သွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *