မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအနေဖြင့် တဖက်သတ်အရေးယူဒဏ်ခတ်ခြင်းများမလုပ်ရန် တရုတ်နိုင်ငံခြရေး၀န်ကြီးပြော

မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအနေဖြင့် တဖက်သတ် အရေးယူဒဏ်ခတ်ခြင်းများ မပြုလုပ်ရန် တရုတ်နိုင်ငံခြားရေး၀န်ကြီး မစ္စတာ၀မ်ရိက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင် ၃ရက်က တရုတ်နိုင်ငံချင်းဟွာတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်တွင် ၎င်းကမြန်မာအ‌ ရေးနှင့်ပတ်သက်ပြီး အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံကောင်စီဝင်လည်းဖြစ်သူ
Mr. Wang Yi မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး အဓိကအကျဆုံးသည် အတွင်းပိုင်းဆွေးနွေးမှုကို တွန်းအားပေးဖော်ဆောင်ကာ နိုင်ငံရေးပြန်လည်သင့်မြတ်မှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အခက်အခဲများကြုံတွေ့ရခြင်းသည် အခြေခံအားဖြင့်ဆိုရလျှင် ပြည်တွင်းရေး ကိစ္စဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အတွင်း၌ ဆွေးနွေးမှုကတစ်ဆင့် နိုင်ငံရေးဖြေရှင်း၍ ထပ်မံဖြစ်ပွားမှုကို ရှောင်ကြဉ်ကာ နိုင်ငံနှင့်လူနေမှုအဖွဲ့အစည်း တည်ငြိမ်မှုကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရမည်ဖြစ်ကြောင်းဆိုသည်။

ယင်းအပြင် ၎င်းကနိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ရွေးချယ်မှုကို လက်တွေ့ကျကျလေးစားကာ သဘောထားကွဲလွဲမှု ရင်ကြားစေ့ရေးကို အထောက်အကူပြုသည့် ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ပြီး တစ်ဖက်သတ် အရေးယူဒဏ်ခတ်မှုနှင့် မသင့်လျော်သည့်ကြားဝင်မှုကို ရှောင်ကြဉ်သင့်ကြောင်း၊ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုအနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရန် လေးလေးနက်နက်မျှော်လင့်ပြီး အာဆီယံက အာဆီယံနည်းလမ်းဖြင့် မြန်မာနိုင်ငံအခြေအနေ “အဆင်ပြေချောမွေ့စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး (Soft Landing)” ကို ဆောလျင်စွာဖော်ဆောင်နိုင်ရန် တွန်းအားပေးမှုကို ခိုင်မြဲစွာ ထောက်ခံအားပေး၍ မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးစသည့် အကူအညီများကို အတူတကွပေးအပ်ကာ မိမိ၏ မြန်မာနိုင်ငံဘက်အသီးသီးနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက်အသုံးပြု၍ တက်တက်ကြွကြွ ချိတ်ဆက်ကြားဝင်ဆောင်ရွက်မှုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာအရေးနှင့်ပတ်သက်ပြီး စစ်တပ်အကြီးအကဲများ၏မိသားစု၀င်များ၊ ဆက်စပ်ပုဂ္ဂိုလ်များကို အမေရိကန်နိုင်ငံအကါအ၀င် အနောက်ဥရောပနိုင်ငံကြီးများက စီးပွားရေးအရ အရေးယူဒဏ်ခက်ပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *